အပိုင်း - (၂၆)

2K 244 12
                                    

" ကိုကို ... "

ကျောင်းဝင်းထဲကနေ အေးအေးသာသာ လမ်းလျှောက်ထွက်လာတဲ့ နေးလက်ျာက ကျောင်းရှေ့မှာရပ်နေတဲ့ လျှန့်ကိုလည်းမြင်ရော ခပ်သော့သော့လေး အပြေးလှမ်းလို့လာသည်။ အ‌နားကိုအမြန်ရောက်‌လာတဲ့ နေးလက်ျာကို ခပ်ဖွဖွထိန်းပွေ့ရင်း လျှန် ပြုံးလိုက်သည်။

" ဒီနေ့ရော ကျောင်းတက်တာဘယ်လိုနေလဲ ... နေး "

" အများကြီးအဆင်ပြေလာပါပြီ "

" တော်သေးတာပေါ့ ... လာ ကားထဲအရင်ဝင်ရအောင် ... အပြင်မှာအေးတယ် "

အအေးဓာတ်ကြောင့် နှာဖျားလေးတွေရဲနေတဲ့ နေးလက်ျာကို ကားထဲမြန်မြန်ထိုင်ခိုင်းပြီး လျှန်လည်း တစ်ဖက်က ကားမောင်းသူနေရာမှာ ဝင်ထိုင်လိုက်သည်။

" ညနေစာဘာစားချင်လဲ ... နေး "

" ဘာဖြစ်ဖြစ်အဆင်ပြေပါတယ် ... နေး အကုန်ကြိုက်ပါတယ် "

လက်ထဲကကျောပိုးအိတ်ကို နောက်ခုံဆီလှမ်းပို့ရင်း ကိုကို့ကို ပြန်ဖြေလိုက်သည်။ ကားထဲမှာတော့ အနွေးဓာတ်ရှိနေတာကြောင့် လည်ပင်းမှာပတ်ထားတဲ့ မာဖလာအပြင် ခေါင်းပေါ်ကသံပုရာခွံဦးထုပ်ကိုပါ ဆွဲချွတ်လိုက်သည်။

" ဟက် . ဆံပင်တွေပွကုန်ပြီ ... နေးကလေးရဲ့ "

ရယ်‌ရင်းပြောလာတဲ့ကိုကိုက ဦးထုပ်ချွတ်လိုက်တာကြောင့် အနည်းငယ်ဖွာလန်သွားတဲ့ နေးရဲ့ဆံပင်ရှည်တွေကို လက်ဖဝါးပြင်ကြီးနဲ့ ခပ်ဖွဖွဖိသပ်ပေးလာသည်။ ကိုကိုကတော့ ဘာရယ်မဟုတ် လုပ်လိုက်တဲ့အပြုအမူဆိုပေမယ့် ဆယ်ကျော်သက်အရွယ် နေးလက်ျာလေးအတွက်ကတော့ နှလုံးသားတံခါးကို လာ,လာခေါက်နေသလိုဖြစ်နေသည်။ 

" စတိခ်စားချင်လား ... ဒေါက်တာရှားမြတ်တို့နဲ့ ညစာအတူစားဖို့ ချိန်းထားတယ် ... သူ့အမျိုးသားလည်း ရောက်နေလို့လေ "

" ဟင်... ကိုကိုရှားမြတ်အမျိုးသားက ဒီကိုရောက်နေတာလား "

" ဟုတ်တယ်. ဒေါက်တာ့ကိုလာတွေ့ရင်းနဲ့ မနက်က ကိုယ့်ဆီအလည်ရောက်လာလို့လေ... အဲ့ဒါနဲ့ ညစာအတူစားဖို့ချိန်းလိုက်တာ... နေး အဆင်ပြေရဲ့လား "

My Beautiful SPOUSEWhere stories live. Discover now