အပိုင်း - (၃၆)

1.9K 258 6
                                    

ရာသီဉတုက သိသိသာသာ အအေးဓာတ်လျော့ကျသွားတာကြောင့် သိုးမွေးအနွေးထည် အသားရောင်နုနုလေးတစ်ထည်သာဝတ်ပြီး နေး အောက်ထပ်ကိုဆင်းလာခဲ့သည်။ နေးကိုတွေ့တော့ မီးဖိုးခန်းထဲမှာ ချက်ပြုတ်နေတဲ့လစ်ဒီက အပြုံးနဲ့ဆီးကြိုလာသည်။

" ဘေဘီ... မနက်စာဘာပြင်ပေးရမလဲ "

" ရတယ် လစ်ဒီ... ကိုကိုနဲ့အပြင်သွားမှာ "

" မစ္စတာလျှန်က မနက်အစောကြီးပဲထွက်သွားပြီလေ "

နေးပြောတာကိုနားထောင်ပြီး အံ့ဩကြီးစွာနဲ့ ပြန်ပြောလာသည့်လစ်ဒီကိုကြည့်ပြီး နေး နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်သည်။ ပြီးတော့မှ မီးဖိုခန်းကောင်တာစားပွဲကိုကျော်ကာ ခါးကိုင်းလို့ လစ်ဒီအနားကို တိုးတိုးလေးကပ်ပြောလိုက်သည်။

" ခဏနေကျရင် ကိုကိုက နေးနေးကိုပြန်လာခေါ်မယ်လို့ အာရုံရနေတယ် "

" ဘေဘီက ဘယ်လိုသိ... "

လစ်ဒီက နေးကိုမယုံသလိုပြန်ကြည့်လာပြီးတော့မှ သဘောပေါက်သွားသည်ထင်ပါရဲ့။ ခေါင်းတညိတ်ညိတ်လုပ်ပြီး ဘေစင်ထဲမှာရှိတဲ့ဟင်းရွက်တွေကိုသာ ရေဆေးနေတော့သည်။

" လစ်ဒီ... ဂရင်းရောဟင် "

မနေ့ညကတည်းက ကိုကိုက မနက်စောစောအစည်းအဝေးရှိကြောင်း နေးကိုပြောထားသည်။ အစည်းအဝေးကသိပ်မကြာနိုင်တာကြောင့် မနက်စာစားဖို့ ပြန်လာခေါ်မယ်ဆိုတာပါ တစ်ခါတည်းပြောထားပြီးသားဖြစ်သည်။ ကိုကို့ကိုစောင့်နေရင်းနဲ့ စားပွဲပေါ်မှာတင်ထားတဲ့ချယ်ရီသီးတစ်လုံးကို နေး နှိုက်စားရင်း ဂရင်းကိုမတွေ့မိတာကြောင့် လစ်ဒီကိုမေးလိုက်သည်။

" ရှိတယ်... အပေါ်ထပ်မှာ ယောဂကျင့်နေတာထင်တယ် "

" အော်.. ဟုတ်... လစ်ဒီ နေးနေး သွားတော့မယ် "

" မစ္စတာလျှန်က လာပြီမို့လို့လား "

လစ်ဒီနဲ့စကားပြောနေရင်း ' ကိုယ် နောက်ဆယ်မိနစ်လောက်နေရင် ရောက်မယ်... အဆင်သင့်ပြင်ထားနော် ' ဆိုတဲ့စာတိုလေး ဝင်လာတာကြောင့် စားလက်စချယ်ရီသီးလေးကို အမြန်မြိုချပြီး အပြင်ကိုအလျင်စလိုနဲ့ ပြေးထွက်သွားမိသည်။ နေး အလောတကြီးနဲ့ပြေးထွက်သွားကြောင့် လစ်ဒီကလည်း အိမ်ရှေ့တံခါးပေါက်ထိကို လိုက်လာခဲ့သည်။

My Beautiful SPOUSEWhere stories live. Discover now