အပိုင်း - (၆)

11.6K 1.2K 265
                                    

နေး ကော်ဖီဖျော်နေရင်းနဲ့ မှန်တစ်ဖက်ခြမ်းက ဒုဥက္ကဌအခန်းကို အကြည့်ရောက်သွားသည်။ နေးတို့နှစ်ယောက် ကားသွားယူတဲ့နေ့ စကားပြောပြီးကတည်းက နေးဘက်က ဒုဥက္ကဌကို အလုပ်ကိစ္စနဲ့ပတ်သက်ပြီး ပြောဆိုတာကလွဲရင် တစ်ခြားအကြောင်းအရာတွေ မပြောဖြစ်အောင် ရှောင်နေ
တတ်သည်။

နေးက ရှောင်နေတာလည်းပါသလို ဒုဥက္ကဌကိုယ်တိုင်ကလည်း အလုပ်ဝင်ကာစမို့ လုပ်ငန်းလည်ပတ်မှုတွေ အားလုံးလေ့လာနေရသည်ကြောင့် နေးကို အနှောင့်အယှက်ပေးဖို့ အချိန်မပေးနိုင်တာလည်း ပါလိမ့်မည်။ 

“ ကိုနေးလက်ျာ… ဒုဥက္ကဌ ခေါ်နေတယ် ”

“ အော်… အင်း လာခဲ့မယ်နော် ”

နေး ကော်ဖီခွက်ကိုမွှေနေရင်း အတွေးလွန်နေတုန်း ဝန်ထမ်းကောင်မလေးတစ်ယောက်က လာခေါ်တာကြောင့် နေး လက်ထဲကကော်ဖီခွက်ကို အလုပ်စားပွဲပေါ် တင်လိုက်ပြီး ဒုဥက္ကဌရဲ့ရုံးခန်းတံခါးကို ခေါက်လိုက်တော့

“ ဝင်ခဲ့ ”

ရုံးခန်းထဲကိုရောက်ပြီး ငါးမိနစ်လောက်ကြာတဲ့အထိ နေးဆီအကြည့်ရောက်မလာပဲ tablet ကိုသာ အာရုံစိုက်နေတဲ့ ဒုဥက္ကဌကြောင့် နေး ချောင်းတစ်ချက်ဟန့်ပြီး အသံပြုလိုက်သည်။

“ ကျွန်တော် ရောက်ပါပြီ ”

“ နေးလက်ျာ ဘာကိစ္စရှိလို့ ”

နေးကိုမြင်တော့ ဒုဥက္ကဌက အံ့သြသွားတာကြောင့် နေးလည်း ကြောင်တောင်တောင်ဖြစ်သွားသည်။

“ ဗျာ… ဒုဥက္ကဌပဲ ကျွန်တော့်ကိုခေါ်တယ်ဆို ”

နေးစကားကို နားထောင်ပြီး လျှန် သဘောပေါက်သွားသည်။ လျှန်က အတွင်းရေးမှူးသက်လျာကို ခေါ်ပေးဖို့ပြောလိုက်သည်ကို ခိုင်းလိုက်တဲ့လူက လျှန်ခေါ်နေတာမို့ အတွင်းရေးမှူးလက်ျာ ဆိုပြီး အမှတ်မှားသွားသည်ပဲဖြစ်ရမည်။

သူတို့နှစ်ယောက် အလုပ်ကိစ္စကလွဲပြီး
တခြားအကြောင်းအရာတွေ မပြောဖြစ်တာ တစ်ပတ်လောက်ကြာနေပြီမို့ နေး သူ့ကိုတမင်ရှောင်နေမှန်း သူရိပ်မိပါသည်။ လျှန့်အနေနဲ့ကလည်း ချစ်တဲ့စိတ်ရှိတာမှန်ပေမယ့် နေးကို နေရခက်အောင် မလုပ်ချင်တော့တာကြောင့် နေး အဆင်ပြေသလိုနေစေဖို့သာ စိတ်ကူးထားသည်။

My Beautiful SPOUSEWhere stories live. Discover now