အပိုင်း - (၃၂)

1.7K 234 6
                                    

" လေယာဉ်ပေါ် တက်ခါနီးကျရင်လည်း ကိုယ့်ကိုဖုန်းဆက်နော် . နေး "

" ဟုတ်ကဲ့ပါ "

" ပြီးတော့... "

" ခေါင်းကိုက်လာတာဖြစ်ဖြစ်၊ တစ်နေရာရာက နေလို့မကောင်းတာဖြစ်ဖြစ် တစ်ခုခုဆိုတာနဲ့ ဆရာတွေကိုပြောပြီး ကိုကို့ကို အကြောင်းကြားရမယ် . ဟုတ်တယ်မလား "

မျက်လုံးလေးစွေလို့ ‌လျှန့်စကားတွေကို ဖြတ်ပြောလာတဲ့ နေးလက်ျာက စိတ်မရှည်တော့ဟန်။ ဘေးမှာရပ်နေတဲ့ ဂရင်းကတော့ လျှန်တို့အဖြစ်ကိုကြည့်ရင်း ခပ်တိုးတိုးရယ်သည်။

" ဟုတ်တယ် "

" အိမ်မှာကတည်းကလဲ ခဏခဏမှာပြီးပြီကို "

" ကိုယ်က စိတ်ပူလို့ပါကွာ "

" နေး ဂရုစိုက်ပါမယ်ဆို "

လျှန် နေးကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။ လေဆိပ်ကိုမသွားကြခင် စုရပ်က နေးတို့တက္ကသိုလ်မှာမလို့ လျှန်တို့က ကြိုရောက်နေကြတာဖြစ်သည်။ တဖွဲဖွဲကျနေတဲ့ နှင်းတွေကြားထဲ လည်ပင်းကမာဖလာလေးကို နွေးထွေးအောင် သေသေချာချာပြင်ပတ်ပေးလိုက်ရင်း နေးရဲ့တစ်ကိုယ်လုံးကို ခြုံငုံကြည့်လိုက်သည်။

" အခုအနွေးထည်နဲ့ရော နွေးရဲ့လား နေး ... ကိုယ့်အင်္ကျီထပ်ဝတ်သွားမလား "

" ဟင့်အင်း ဟင့်အင်း . ရတယ် ကိုကို ... မအေးပါဘူး "

ကိုကိုက သူဝတ်ထားတဲ့ အနွေးထည်ကုတ်အရှည်ကိုပါ ချွတ်ပေးဖို့ပြင်နေပြီမလို့ နေးက ခပ်သွက်သွက်တားလိုက်ရသည်။ ဒီနေ့အဖို့ အဝတ်အစားက ကိုယ်တိုင်ရွေးချယ်ဝတ်လာတာမျိုး မဟုတ်ပဲ ကိုကိုကိုယ်တိုင် ရွေးချယ်ပြီး နေးကို အနွေးထည် အထပ်ထပ်ဝတ်ထားစေတာဖြစ်သည်။ ဒီထက်သာ ထပ်ပြီးဝတ်ရရင် နေး တော့ နှစ်ညအိပ်ခရီးအတွက် အထုပ်အပိုးထပ်ယူသွားရန်မလိုတော့ပါ။

" ဆေးတွေက နေးရဲ့လွယ်အိတ်ထဲက ညာဘက်အတွင်းအိတ်လေး‌ထဲမှာနော်... အန်ချင်တာမျိုးဖြစ်ဖြစ်၊ ခေါင်းမူးတာဖြစ်ဖြစ်၊ အစာမကြေတာဖြစ်ဖြစ် ချက်ချင်းသောက်ရမယ်နော်... ဒေါက်တာက ဘာဖြစ်ရင်ဘာသောက်ရမလဲ ရေးပေးလိုက်တယ်မလား "

My Beautiful SPOUSEWhere stories live. Discover now