Ch.1 (uni)

6.9K 124 0
                                    

Uni..
လွမ်းသီချင်း.......
                 
                    The Best English မဂ္ဂဇင်းကိုမမျှော်လင့်ပဲကျွန်တော်ဖတ်မိတယ်။ The Best English Pen Friends စာရင်းမူတွေလျှောက်ဖတ်ကြည့်ရင်း လွမ်းသီချင်းရဲ့ နာမ်မည်ကိုတွေ့ပြီးစိတ်၀င်စားသွားခဲ့တယ်။ ပြီးတော့ ကျွန်တော်နဲ့လည်း အသက်တူတယ်။ ဒါကြောင့်ခင်မင်ချင်စိတ်တွေပေါ်လာပြီး မိတ်ဆက်စာရေးလိုက်တာပါ။

      ကျွန်တော်နာမ်မည် Danniel ပါ။ မြန်မာနာမ်မည်ကတော့ မိုးသက်ပိုင်ပါ ။GCE O Levelကိုသင်ကြားနေတာပါ။ အသက် ၁၆ နှစ်ပါ။ ဝါသနာကတော့ ပန်းချီဆွဲခြင်း၊ စာဖတ်ခြင်းနဲ့ ခရီးထွက်ခြင်းတို့ပါဘဲ။ နိုင်ငံခြားမှာနေနေရတော့ကိုယ်မြန်မာပြည်ကိုလွမ်းတယ်။ ပြီးတော့ ကိုယ့်မြန်မာလူမျိုး သက်တူရွယ်တူတွေနဲ့လည်း မိတ်ဆွေ သူငယ်ချင်းအဖြစ်ပေါင်းသင်းချင်တယ်။

       ကျွန်တော်အပေါ်နားလည်ခံစားပေးမယ်ဆိုရင် ကျွန်တော်ရဲ့မိတ်ဆွေဖွဲ့မှုကိုလက်ခံစာပြန်မယ်လို့မျှော်လင့်ပါတယ်။
                           
                                      မိုးသက်ပိုင်
                                        စင်ကာပူ
Add:
Mr.Danniel
xxx, YISHUN AVE
,....................,428
SINGAPORE.

-----------------------------------------------------------
ကိုမိုးသက်ပိုင်...
          
                     လေယဥ်ပျံလေးလိုခေါက်ချိုးပြီးရေးလိုက်တဲ့ အကို့ရဲ့စာကိုရပါတယ်။ မဂ္ဂဇင်းထဲမှာ ၁၆နှစ်လို့ပါပေမဲ့ အမှန်တော့ကျွန်တော် ၁၆နှစ်ပြည့်ဖို ၃ လတာမျှလိုပါသေးတယ်။ အကိုက ပန်းချီဝါသနာပါလို့ထင်တယ်။ အတော်စိတ်ကူးယဥ်တာပဲနော်။ ဝေးမြေရပ်ခြားမှာနေနေရပေမဲ့ မြန်မာပြည်ကိုလွမ်းပြီး မြန်မာပြည်က မဂ္ဂဇင်းတွေဖတ်နေသေးတယ်ဆိုတာ အကို့မှာ မြန်မာတွေကို ချစ်တဲဲ့စိတ်ရှိမာသေချာတယ်။

                    အကို့ကို နားလည်ခံစားပေးတဲ့အနေနဲ့ ဒီစာကိုကျွန်တော်ပြန်ရေးလိုက်တာပါ။ အကို့ရဲ့မိတ်ဆွေဖွဲမှုကို လက်ခံပါတယ် မိတ်ဆွေသူငယ်ချင်းဖြစ်ခွင့်ရတဲ့အတွက်ဂုဏ်ယူပါတယ်။

                    ကျွန်တော့်ရဲ့ဝါသနာတွေကတော့ စာရေးစာဖတ်ခြင်း နဲ့ သီချင်းဆိုခြင်းပါပဲ။ အထူးသဖြင့် သီချင်းဆိုရတာ ဝါသနာ ပါတယ်။ ကျွန်တော်တို့နှစ်ယောက်မှာ ဝါသနာတူတွေဖြစ်တဲ့အတွက် သူငယ်ချင်းကောင်းတွေဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။

Let Me!Be Your Song (Completed)Where stories live. Discover now