Ch.8.(Uni+Zaw)

305 25 0
                                    

"မစ္စတာတန်...အဲ့ဒါ ဦးသူငယ်ချင်း sky စားသောက်ဆိုင်ပိုင်ရှင် ဦးစိုးပဲ”

"ဒါကတော့ ကျွန်တော့်မိတ်ဆွေရဲ့သား စင်ကာပူက လာတဲ့ မစ္စတာတန်တဲ့”

"တွေ့ရတာဝမ်းသာပါတယ်”

"တွေ့ရတာ ဝမ်းသာပါတယ်။ အန်ကယ်ဆိုင်ကိုလာအားပေးတဲ့အတွက်လည်း ဝမ်းသာပါတယ်။ လိုတာရှိရင်ပြောပါ။”

"ဟုတ်ကဲ့.....ကျေးဇေူးတင်ပါတယ်။ လိုတာရှိခဲ့ရင်ပြောပါ့မယ်”

   "ကဲ.... မစ္စတာတန်ဘာစားမလဲ၊ဘာသောက်မလဲ ”

"အန်ကယ်ပဲကြည့်မှာလိုက်ပါ ကျွန်တော်အတွက် colaဆိုရပါပြီ။ ပြီးတော့ ပူပူစပ်စပ်မပါတဲ့ ဟင်းတွေမှာပေးပါ။”

"ကဲ...ဦးစိုးရေ ခင်ဗျားဆိုင်ရဲ့ အကောင်းဆုံးတွေကို ကြည့်သာချပေတော့ဗျာ..”

"ဟုတ်ကဲ့..ကောင်လေးတွေကိူကျွန်တော်ကြည့်ပြောလိုက်ပါမယ်”

"တန်....မင်ပြောတဲ့ကောင်လေးနာမည်ကဘယ်သူ”

"အန်ကယ်ဆန်နီကလည်း မေ့ပြန်ပြီ လွမ်းသီချင်းလေ ”

"ဟား....သူ့လိုနာမည် ငါတစ်ခါမှမကြားဘူးသေးဘူး”

မကြာခင်တွင် ဆိုင်တစ်ဆိုင်လုံးအလင်းရောင်များမှိန်ပြသွားသည်။ စတိတ်ဆင်ဟုယူဆရသော နေရာတွင် မီရောင်စုံလေးများထွန်းပလာသည်။ အဆိုတော်နှင့်တကွ တီးဝိုင်းအဖွဲ့သားများအသီးသီးနေရာဝင်ယူကြပြီးဖြစ်သည်။ မီးရောင်မမှိတ်တမှိတ်ဝိုးတဝါးကြားမှ ထွက်ပေါ်လာသော ချိုမြသောအသံ.....

"အားလုံးပဲ မင်္ဂလာပါဗျ၊....ကျွန်တော်အခုတင်ဆက်ပေးမဲ့ သီချင်းလေးက ကျွန်တော့်ဘဝမှာ လေးစားအားကျရဆုံးသူတစ်ယောက်ကိုရည်ရွယ်ပြီး ဆိုမှာပါ၊ သီချင်းနာမည်လေးက "မိုးသို့တမ်းချင်း”လို့ခေါ်ပါတယ်”

"အားလုံးပဲ..ခံစားနားဆင်ကြပါခင်ဗျ”

စကားသံအဆုံး တိုးညိညင်သာစွာ ထွက်ပေါ်လာသောဂစ်တာသံလေးနဲ့ အစချီသည်။

(A.N.မကြားဘူးတဲ့သူတေကအတွက် စာပေအမြင်နဲ့ရသမြောက်အောင် သီချင်းလေးကိုဖတ်ပေးပါနော်။)
 
🎤🎤🎼🎤🎤
     အရွက်ကြွေတဲ့နွေ.........ပူပြင်းလို့တောက်လောင်နေ......နေရာတိုင်းမှာ မစိုပြေ သွေ့ခြောက်နေတဲ့နွေ.......အပူငွေ့နဲ့အရှိန်မသေ....အမြန်ပြန်လာပါတော့မိုး......ရေ။

Let Me!Be Your Song (Completed)Where stories live. Discover now