Ch.13.

247 18 0
                                    


    "အလုပ်တွေပစ်ပြီး ကျွန်တော့်ဆီကို လိုက်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်ပါးပါး။ ကျွန်တော့်အတွက် တစ်အားပါပဲ။ အစကတော့ ကျွန်တော်တွေ့ချင်တဲ့သူကိုတွေ့၊ ပေးချင်တဲ့ပစ္စည်းလေးတွေပေးခဲ့ပြီး သံယောဇဥ်ဖြတ်ပြန်ခဲ့ဖို့ပဲ။ အခုတော့ ကျွန်တော့် ကောင်လေးမှာ အခက်ခဲ ဒုက္ခတွေ အများကြီးရှိနေတယ်။ ပြီးတော့ သူ့မှာရဲ့အပြင်းပြဆုံးသောဆန္ဒက ကျွန်တော့ကို တွေချင်တာတဲ့လေ။”

          "ဒီမှာပဲ ပွင့်ပွင့်လင်းလင်းပြောလိုက်ပါလားသားရယ်။ သံယောစဥ်အစွဲအလမ်းကို တန်းလန်းတန်းလန်းနဲ့  ဘာဖြစ်လို့ ဟိုဘက်ထိကို ယူသွားချင်ရရတာလဲ.”

       "ကျွန်တော် သူ့ကိုသိပ်မြတ်နိုးတယ်။ ကျွန်တော်သူ့ရဲ့ ခက်ခဲပင်ပန်းစွာ ရုန်းကန်နေရတဲ့ ဘဝကို စိတ်မချဘူး။ ပါးပါးမျက်စိအောက်မှာပဲ စိ​တ်ချလက်ချထားခဲ့ချင်တယ်။ သူ့အတွက်ပါးပါးကုမ္ပဏီမှာ အလုပ်လုပ်ဖို့အတွက် ရအောင်စီစဥ်ပေးပါ။ သူ့မှာ အရည်အချင်းရှိတယ်။ အင်္ဂလိပ်လိုပြောနိင်တယ်။ ပြီးတော့သူဝါသနာပါတဲ့ အခွေတွေကိုလည်း ပါးပါးထုတ်ပေးပါ။ ကျွန်တော့်ကိုယ်စား လုပ်ပေးဖို့ ပါးပါးကို အသနားခံနေတာပါ။”

      "အသနားမခံပါနဲ့သားရယ်။ သားရဲ့ရက်ထဲက ခံစားမှုတွေကို ပါးပါးနားလည်ပါတယ်။ သားဖြစ်စေချင်တာတွေ အကုန်လုံး ပါးပါးအကုန်လုပ်ပေးဖို့ ကတိပေးပါတယ်ကွာ ”

         "ပါးပါးရယ်.... ကျွန်တော့်ကို ဘယ်လောက်ချစ်တယ်ဆိုတာ ကျွန်တော်သိလို့ သိပ်ခံစားရပါတယ်။ ကျွန်တော်အတွက်ပါးပါးဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအဖေပါပဲ။ ပါးပါးရဲ့ ကျေးဇူးတရားတွေကို ဒီဘဝမှာ အကြေမဆပ်နိုင်တော့တဲ့အတွက် နောက်ဘဝမှပဲ အကြေပေးဆပ်ပါတော့မယ်။”

           "သားရယ် မင်းဟာ သိတတ်စအရွယ်က စပြီး ပါးပါးကို ဘာတစ်ခုမှစိတ်ဆင်းရဲအောင် မလုပ်ခဲ့ပါဘူး။ တစ်ခါမှလည်း ဆိုးမိုက်ခဲ့ခြင်း မရှိပါဘူး။ ပါးပါးပေါ်မှာ စာနာ နားလည်ပြီး ပါးပါးအကြိုက်လိုက်လုပ်ပေးခဲ့တာတွေက ကျေးဇူးဆပ်ခြင်းတစ်မျိုးပါဘဲ။ ပါးပါးရဲ့ကျေးဇူးတွေကို  မင်းအကြေပေးဆပ်ခဲ့ပြီပါပြီ။ ပါးပါးကသာ သားအပေါ်မှာ သားဆန္ဒတွေ ပြည့်ဝအောင် မလုပ်ပေးနိုင်ဘဲ သားအပေါ် တာဝန်မကြေမှာစိုးတယ်။ ဒီလို လိမ္မာတဲ့သားမျိုးကို ကံတရားက မျက်နှသာမပေးတာ ပါးပါးခံရ အခက်ဆုံးပါပဲကွာ။”

Let Me!Be Your Song (Completed)Where stories live. Discover now