Ch.5.(Uni+Zaw)

403 23 0
                                    

ပိုင်......
          ပိုင့်လက်ဆောင်လေးကို ရတော့လွမ်းသိပ်ဝမ်းသာသွားတာပဲ။ လွမ်းအနှစ်သက်ဆုံးပစ္စည်းတွေကို လက်ဆောင်ပေးတဲ့အတွက်ပိုင့်ကို ဘယ်လိုကျေးဇူးတင်ရမှန်းတောင်မသိတော့ဘူး။ ပိုင်ပေးတဲ့ တိတ်ခွေလေးတွေမှာ ထူးဆန်းတဲ့တိတ်ခွေလေးတွေပါလာတယ်။
လွမ်းသီချင်း အတွက် ထာဝရအမှတ်တရ တိတ်ခွေလို့ရေးထားတော့ လွမ်း အရင်ဆုံးဖွင့်ကြည့်တာပေါ့။ ပိုင့်အသံလည်းမကြားရဘူး။ ဒါပေမဲ့ ပိုင့်အခန်းထဲက ပိုင်အကြိုက်ဆုံးသီချင်း Right Here Waiting သီချင်းသံသဲသဲရယ်၊ လမ်းလျှောက်နေသံရယ်၊ ကုတင်ပေါ်ပစ်လှဲလိုက်တယ်လို့ထင်ရတဲ့ အသံရယ်၊မီးခလုတ်ဖွင့်ပိတ်သံတွေကြားနေရတယ်။ပြီးတော့ တစ်သက်လုံးပဲသတိရနေမယ်ဆိုတဲ့ သီချင်းသံလည်းကြားသေးတယ်။

               အစကတော့ ပိုင်ဘာကြောင်တာလဲ။ လွမ်းကိုဘာတွေပဟေဠိလုပ်နေတာလဲ စဥ်းစားမိတာပေါ့ဗျာ။ ဒါနဲ့နောက်တစ်ကြိမ် လွမ်းပြန်ဖွင့်တော့ရိပ်မိလာတယ်။ ပိုင့် ideaတွေကိုသိလာသလိုပဲ။ ပိုင်ဘာကိုဆိုလိုလဲဆိုတာ လွမ်းပြောပြမယ်။ မှန်မမှန်ပြန်ပြောရမယ်နော်။

           ပိုင်......လွမ်းကို ပြောစရာစကားတွေအများကြီးရှိတယ်။ တိတ်ခွေတစ်ခွေလောက်နဲ့ ပြောလို့အကြောင်းထူးမှာမဟုတ်ဘူး။ ပိုင့်အကြိုက်ဆုံး လွမ်းအကြိုက်ဆုံး သီချင်းတွေ ဖွင့်ပြီး လွမ်းအကြောင်းတွေတွေးနေတယ်။ လွမ်းကိုသတိရနေတယ်။ ညဥ့်နက်ထိအောင်ပိုင်မအိပ်ဘဲ စိတ်ထဲကနေစကားတွေပြောနေတယ်။ ပိုင်ပြောနေတဲ့ စိတ်ထဲကအသံလှိုင်းတွေက ကတ်ဆက်ထဲကို စီးဝင်သွားပြီး လွမ်းရဲ့ အသိစိတ်ထဲ ရောက်ရှိနားလည်မှာပဲ လို့ ပိုင်ယူဆပြီး လုပ်လိုက်တာပဲ မဟုတ်လား။

        ပိုင့်ရဲ့အယူအဆမှန်ပါတယ်။ ပိုင့်ရင်ထဲမှာ ဘာရှိလဲဆိုတာလွမ်းခန့်မှနနိုင်ပါတယ်။ ပိုင့်ရဲ့ သံယောဇဥ် အတိမ်အနက်ကိုလည်း လွမ်းနှလုံးသားကနက်ရှိုင်းစွာ ခံစားနားလည်ရပါတယ်။ ပိုင်ဟာ စိတ်ပျော့ညံ့တဲ့ ယောက်ျားမဟုတ်ဘူး။ မိန်းကလေးတွေလိုချွဲချွဲပျစ်ပျစ် ပြောမယ့် လူစားမျိူးလည်းမဟုတ်ဘူး။ တရားထိုင် တရားကျင့်ပြီး မေတ္တာကို အမြဲနှလုံးသွင်းနေတဲ့ လူတစ်ယောက်ရဲ့မေတ္တာလှိုင်းဟာ အဲ့ဒီ တိတ်ခွေထဲကနေ လွမ်းရဲ့ နှလုံးသားကိုလှုပ်ခါရမ်းစေခဲ့တယ်။

Let Me!Be Your Song (Completed)Where stories live. Discover now