Ch.16.

268 18 0
                                    

"မောင်ရင်က မောင်လွမ်းသီချင်းနဲ့ဘာများတော်စပ်ပါသလဲ။"

"ကျွန်တော်ကလွမ်းရဲ့သူငယ်ချင်းပါ....သူနဲ့ပက်သက်တာကျွန်တော့်ကိုပြောလို့ပါတယ်ဆရာ"

"ဆရာလည်းပြောရမှာစိတ်မကောင်းပါဘူး...သူ့ရဲ့တစ်ခြမ်းတည်းသောရှိတော့တဲ့ ကျောက်ကပ်ကအရမ်းပျက်စီးနေပြီ။ အခုကစပြီး သူ့ရဲ့ဆုံးပါးတော့မဲ့အချိန်ကို ထိုင်စောင့်ရုံပဲရှိတော့တယ်။"

"ဗျ......ဗျာ....သူ...သူအတွက်အချိန်ဘယ်လောက်ကျန်သေးလဲဆရာ.."

"ဆရာလည်းတိတိကျကျတော့မပြောနိုင်ဘူး ပုံမှန်ကျောက်ကတ်ဆေးပြီး ဆွဲဆန့်ထားရင်တောင် အများဆုံး ၈ လလောက်ပဲ။ အခုကစပြီးလက္ခဏာတွေစပြီး ပြတော့ပေမဲ့၊ သူအရမ်းမခံစားနိုင်လောက်သေးဘူး...."

"ဗျာ...."

**************** မိုးသက်ပိုင် Pov;

*မင်းရဲ့အဖြစ်က ကိုယ်ရင်နာတာထက်၊ အစိတ်စိတ်အမွမွ ကွဲ ပြဲသွားသလိုပဲ။ ကိုယ့်မှာ ငိုစရာလည်းမျက်ရည်မရှိတော့သလို ငိုဖို့လည်း အားအင်တွေမရှိတော့ပါဘူးကွာ။ ဒါပေမဲ့ကွာ ဒါတွေကို အမြဲတမ်းပြန်တွေးပြီး နာကြည်းနေလို့ကော ဘာလုပ်ရမှာလဲ။ ပိုပြီး စိတ်ဆင်းရဲရုံရှိတော့မှာပေါ့။

ဘဝဆိုတာ ကြေကွဲနာကြည့်းနေဖို့မှ မဟုတ်တာ။ ငြိမ်းချမ်းပျော်ရွှင်တဲ့ ဘဝတစ်ခုကို တည်ဆောက်နိုင်ဖို့ပဲမဟုတ်လား။ တို့တတွေဟာ ပျော်ရွှင်ငြိမ်းချမ်းတဲ့ ဘဟတစ်ခုကို ကြိုးပမ်းတည်ဆောက်ရင်းနဲ့ သေမင်းကို ရင်ဆိုင်ဖို့ပဲပေါ့။

လွမ်းဘယ်လောက်ထိစိတ်ထိခိုက်နေမယ်။ စိတ်ဆင်းရဲနေမယ်ဆိုတာ ကိုယ်သိပါတယ်။ ဒါပေမဲ့ ရခဲတဲ့ လူ့ဘဝကို ရောက်ပြီးမှ ကိုယ်တို့ဟာ တန်ဖိုးမဲ့တဲ့သူတွေ မဖြစ်ချင်ဘူး။ လူ့လောကအကျိုး သယ်ပိုး၊ အများအကျိုးဆောင်ရွက်၊ အများအတွက် အသက်ရှင်နေတဲ့ လူ့အဖိုးတန်တွေ ဖြစ်သင့်ကြတယ်လေ။

လွမ်းလည်း တတ်ထားတဲ့အနုပညာနဲ့ လူတွေ စိတ်ချမ်းမြေ့ပျော်ရွှင်အောင် လူ့ဘဝ အမြင်တွေ ပီပြင်ကြည်လင်အောင် သီချင်းတွေဆိုပြပြီး ဆက်အသက်ရှင်ပေါ့။ လွမ်းအဲ့လို သီချင်းတွေဆိုနိုင်အောင် ပါးပါးကို ကိုယ်အကူအညီတောင်းထားတယ်။

Let Me!Be Your Song (Completed)Where stories live. Discover now