Ch.20.

541 20 0
                                    

"လူနာနိုးပြီလားရှင့်..."

"ဘာဖြစ်လို့လဲ..."

"ကိုလွမ်းသီချင်းကို မစ္စတာတန်က ဒီပန်းချီကားလေးပေးခိုင်းခဲ့လို့ပါ။ ဒီမှာပါ"

"အဝါရောင်လမ်း၊ ဖြတ်သန်းမရဲ
ကိုယ့်စိတ်ထဲမယ်၊
အသဲငယ်လွန်းလို့ပါကွယ်.....

ဒါ....ဒါ.....ငါ့ကဗျာလေးနဲ့ အဝါရောင်လမ်းပန်းချီကားဘဲ။ မဖြစ်ဘူး....ပိုင်....မိုးသက်ပိုင်....မိုးသက်ပိုင်.....အား...သူ....သူ...အခုဘယ်မှာလဲ....သူဘယ်မှာလဲဟင်...သူဘယ်မှလဲလို့.."

"သူအခု..လေဆိပ်ကိုသွားနေပါပြီ"

"လူနာ....လူနာ....စိတ်လျော့ပါရှင်....လူနာ..ဆေးပိုက်တွေကို မလုပ်နဲ့လေ....လူနာ"

"မဖြစ်ဘူး.....မဖြစ်ဘူး....ငါပိုင့်ကို အဝါရောင်လမ်းလေးကိုပြရအုံးမှာ..."

"မိုးသက်ပိုင်.....မိုးသက်ပိုင်"
.....................

"ဟာ.....လွမ်း..."

"မိုးသက်ပိုင်.....ခင်ဗျားအရမ်းအတ္တကြီးတာဘဲ....ခင်ဗျားဖြစ်ချင်တာတွေဇွတ်လုပ်ပြီး ကျွန်တော့်ကို နည်းနည်း လေးမှ ထည့်မတွက်တော့လား။ ကျွန်တော့်ရင်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကို လည်းနည်းနည်းလေးမှ မတွေးပေးဘူးလားဟင်။ ခင်ဗျား ဖြစ်စေချင်တဲ့ ဆန္ဒတွေကို တစ်ခုမကျန်အောင် လိုက်လုပ်နေတဲ့ ကျွန်တော့်ရဲ့ ရူးသွပ်မှုတွေကို ခင်ဗျားနည်းနည်းလေးမှမမြင်ခဲ့ဘူးလား။ ဘာလို့အဲ့လောင်တောင် မှန်ကန်ချင်နေရတာလဲ ကိုယ့်စိတ်ကိုယ်ကိုဦးစားပေးပြီး ဘဝမှာ တစ်ခါလောက် မရူးမိုက်ကြည့်ချင်ဘူးလား။ သေခြင်းတရားရဲ့ အလွန်ကို အဲ့လောက်တောင်ကြောက်ရတာလား။ "

"လွမ်း...လက်မှာလဲသွေးတွေနဲ့ကွာ....ကိုယ့်ကိုစိတ်မကောင်းဖြစ်အောင်မလုပ်နဲ့နော်..လွမ်းပြန်ပါ။ ကိုယ်ခံစားနေရတာကို လွမ်းကိုမမြင်စေချင်လို့ပါ။ "

"ထားလိုက်ပါတော့လေ။ ဒီအချိန်မှာ မိုးသက်ပိုင်လားလို့ ကျွန်တော်ဝန်မခံခိုင်းတော့ဘူးပါဘူး။ ဒါပေမဲ့ ပိုင်မမြင်ဖူးဘူးဆိုတဲ့အဝါရောင်လမ်းလေးကိုတော့ လိုက်ပြပရစေ။ နှုတ်ဆက်ရမယ်ဆိုရင် ကျွန်တော်အဲ့နေရာလေးမှာဘဲနှုတ်ဆက်ချင်တယ်။"

Let Me!Be Your Song (Completed)Where stories live. Discover now