Ch.12.

330 21 0
                                    

မိုးသက်ပိုင် POV;

        "လွမ်းသီချင်း” မင်းဘဝကို ကိုယ်ဒီလိုမြင်ရတာ ကိုယ့်ရင်ထဲ ဘယ်လောက်နာကျင်ရတယ်ထင်လဲ။ မင်းဘဝအခြေအနေကို ကိုယ်ဘယ်လိုမှစိတ်မချနိုင်ဘူး။ လွမ်းကို စင်ကာပူခေါ်သွားချင်တယ်။ ပါးပါးကုမ္ပဏီမှာ အလုပ်သွင်းထားပြီး လွမ်းဆိုချင်တဲ့ သီချင်းတွေ ဆိုခွင့်ရအောင် ဖန်တီးပေးချင်တယ်။

           ကိုယ်ဟာ လွမ်းသူငယ်ချင်းမိုးသက်ပိုင်၊ လွမ်းတန်ဖိုးထားချစ်ခင်ရတဲ့ မိုးသက်ပိုင် အဖြစ်တော့မဟုတ်ဘူးပေါ့။ လွမ်းရဲ့အနုပညာကို အထင်ကြီးလေးစားတဲ့ မစ္စတာတန်အဖြစ် နဲ့ လွမ်းရဲ့ ဘဝကို လုံခြုံစိတ်ချအောင် ကိုယ်လုပ်သွားပေးပါမယ်။

          ကိုယ့်ရဲ့နောက်ဆုံးပိုင်းမှာ ဘယ်သူကိုမှ မစွဲလန်းသွားစေချင်ဘူး။ တွယ်တာမှု သံယောဇဉ်တွေပြတ်အောင်ဖြတ်ပြီး လူဘဝထဲက တိတ်တိတ်ဆိတ်ဆိတ် ဘာသိဘာသာ ထွက်သွားချင်တာပါ။ ဒါပေမဲ့ အခုတော့ ကိုယ့်ရဲ့အချိန်တချို့ကို လွမ်းကိုပေးရအုံးမယ်။

        လွမ်းကိုယ့်အပေါ်ကိုလေ မိုးသက်ပိုင်ဖြစ်နေမလားဆိုတဲ့ သံယောစဉ်ငွေ့ငွေ့လေးရှိနေတာလည်း ကိုယ်ခံစားရပါတယ်။ ကိုယ်သတိရလာတဲ့အချိန်မှာ လွမ်းကိုယ့်အနားမှာ တစ်ညလုံးစောင်ခဲ့တယ်လို့ အန်ကယ်ဆန်နီက ပြောတယ်။

      လွမ်းကို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးရှင်အဖြစ် ကျေးဇူးတင်စကားပြောချင်လို့ဆိုပြီးစောင့်နေတာတဲ့။ လွမ်းသီချင်း ကိုယ့်ရဲ့မြတ်နိုးရသူလေး ဘေးမသီ ရန်မခရှိနေတဲ့ အတွက် ဘုရားသခင်ကို ကျေးဇူးတင်နေတာပါ။

      အဲ့ဒီနေ့ကလေ လွမ်းကို Right Here Waiting ဆိုတဲ့ သီချင်းကို လွမ်းအတွက် ကိုယ်ဆိုပြမလို့ အန်ကယ်ဦးသူနိုင်နဲ့ စီစဥ်ပြီးသားပါ။ မမျှော်လင့်ဘဲ အခုလို ကိစ္စမျိုးဖြစ်လိုက်တော့ လွမ်းကို သီချင်းမဆိုပြဖြစ်တော့ဘူး။

      လွမ်းရဲ့ အနာဂတ်ကိုဘဝအတွက် စေတနာရှင်းရှင်းနဲ့ ကိုယ်ကူညီချင်တယ်။ ကိုယ်လည်းသွားမဲ့လမ်းကို အစွဲအလမ်းမရှိ ဖြောင့်ဖြောင့်တန်းတန်း သွားချင်ပါတယ်။

Let Me!Be Your Song (Completed)Where stories live. Discover now