ENDING.

1.3K 26 3
                                    


လွမ်း...

ဘဝဆိုတာ စိတ်ပျက်ညည်းညူပြီး
ကယ်ပါယူပါ တစာစာနဲ့
အော်နေရမဲ့နေရာမဟုတ်ဘူး။
ကိုယ့်အားကိုယ်ကိုးပြီး
ကိုယ့်လူမျိုး ကိုယ့်အကျိုးအတွက်
တိုးတက်ရာ တိုးတက်ကြောင်း
ဆောင်ရွက်ရမဲ့နေရာ...
စိတ်ပျက်အားငယ်မယ်ကြံတိုင်း
ဒီစာကိုဖတ်။

ချစ်သော
ပိုင်

..................................

လွမ်း....

ဘဝဆိုတာ ပျော်စရာ
တန်ဖိုးရှိတဲ့နေရာပါ။
ဘဝရဲ့ အဓိပ္ပာယ်ကိုသိပြီး
တန်ဖိုးရှိရှိနေတတ်မှ
လူဖြစ်ရကျိုးနပ်မှာ။
အားငယ်စိတ်ညစ်စရာကြုံတဲ့အခါ.
ဒီစာလေးကို အမှတ်ရနော။

ချစ်သော
ပိုင်

..............................

လွမ်း ...

ဘဝဆိုတာ အချိန်ပဲ။
အချိန်တွေနဲ့ဘဝကို
တည်ဆောက်ထားတာ။
အချိန်ကို အကျိုးရှိရှိသုံးဖို့မမေ့နဲ့
အချိန်ရဲ့တန်ဖိုးမသိဘဲ
ဖြုန်းတီးနေမယ်ဆိုရင်
ကိုယ့်ဘဝကို ဖျက်စီးပစ်နေတာနဲ့
အတူတူပဲ။
ဘဝကိုတည်ဆောက်ပါ။
အချိန်ကိုတန်ဖိုးထားပါ။
စိတ်တွေလေ လွင့်နေတဲ့အချိန်မှာ
ကိုယ့်စာလေးက လွမ်းအတွက်
အားတက်စရာဖြစ်ပါစေ။

ချစ်သော
ပိုင်

................................

လွမ်း ...

လူ့လောကကြီးက
စိတ်ညစ်စရာကြီးပါလို့
ဘယ်တော့မှထင်လိုက်နဲ့နော်။
လောကကြီးက သူ့ဟာသူနေတာ။
လူတွေက သူတို့ရဲ့ကံညဏ်ဝရိယ
ညံ့ဖျင်းဆိုးဝါးမှုကြောင့်
အခက်အခဲတွေတွေ့ကြုံပြီး
စိတ်ညစ်နေကြတာ။
အဲ့ဒီစိတ်ပျက်နေတဲ့ လူတွေထဲမှာ
လွမ်းမပါစေနဲ့နော်
ဘာပဲဖြစ်ဖြစ် စိတ်မညစ်နဲ့။
ငိုချင်ရင် ဂီတာခေါက်
လွမ်း......တစ်ယောက် ပျော်ပါစေ။

ချစ်သော
ပိုင်
...........................

မိုးသက်ပိုင် ...

စင်ကာပူကနေ လူကြုံနဲ့ တစ်လတစ်ဆောင်လာနေတဲ့ ပိုင့်စာကြောင်ံ လွမ်းဘဝအားမာန်တွေတက်ခဲ့ရပါတယ်။ ပိုင်ဖြစ်စေချင်တာတွေ ဖြစ်နေပေမဲ့ လွမ်းအတွက်ပျော်ရွှင်မှုဆိုတာ မရှိတော့ပါဘူးလေ။ လွမ်းသိပ်ချစ်ပြီး သိပ်တန်ဖိုးထား မြတ်နိုင်းခဲ့ရတဲ့သူကလည်း လွမ်းကို ထားရစ်ခဲ့ပြီလေ။

Let Me!Be Your Song (Completed)Where stories live. Discover now