Ch.4(Uni;)

501 29 0
                                    

ပိုင်....
        
           တစ်သက်လုံးပဲသတိရနေတယ်
.........ရင်ထဲမှာ......မျှော်လင့်ချက်ကလေးတွေလည်း...  ..ရင်ထဲအမြဲတမ်းထားလို့သာ.....အဖော်မဲ့တဲ့ ဘဝရဲ့အလယ်မှာ......တစ်ယောက်တည်းပါ.......ဆိုတဲ့ ကိုင်ဇာရဲ့ သီချင်းကို လွမ်းဒီကနေဆိုပြလိုက်ပါတယ်။ အိပ်ယာထံမှလဲဲပြီး စိတ်နဲ့ခံစားပြီး နားထောင်ကြည့်ပါလား။ လွမ်းရဲ့ အဖော်မဲ့အထီးကျန်တဲ့ ခံစားမှုကို ပိုင်နားလည်သွားမှာပါ။

           လွမ်းမှာ အဖေအမေလည်းမရှိ၊ ညီကို မောင်နှမ အရင်းအချာလည်းမရှိ၊ မွေးစားအမေကလည်း သူ့ကျောက်ပွဲစားအလုပ်နဲ့ရှုပ်နေတော့ အိမ်ကိုပြန်လှည့်မကြည့်နိုင်ဘူး။ ညီမလေးကသမီးအရင်းဆိုတော့ အကောင်းဆုံးကျူရှင်တွေတက်တယ်။ လွမ်းကတော့ အိမ်အလုပ်တွေ ဒိုက်ခံလုပ်ပေးပြီး နေ့တစ်ဝက်ကျောင်းကိုအပြေးအလွှားသွားတက်ပြီး စာမေးပွဲအောင်ဖို့ကြိုးစားနေရတယ်။

           ဒါပေမဲ့ သူများအိမ်က အိမ်ဖော်လိုကူလီကူငှားလို လုပ်ရတာထက်တော့နည်းနည်း သက်သာတယ်။ အဒေါ်ကတူသားလေးလိုချစ်တော့ မနှိပ်စက်ဘူးပေါ့လေ။

            တော်ပီဗျာ။ လွမ်းရဲ့ အကျည်းတန်တဲ့ ခံစားမှုတွေကို မပြောပြတော့ဘူး။ အဆိုတော်ဖြစ်ချင်တဲ့ လွမ်းရဲ့ဆန္ဒကို တွန်းအားပေးတဲ့အတွက် ပိုင်ကိုသိပ်ကျေးဇူးတင်ပါတယ်။ လွမ်းအဆိုတော်ဖြစ်အောင် ကြိုးစားမယ်ဗျာ။ ပိုင်ပြောသလို လူတွေကတန်ဖိုးထားချစ်ခင်လေးစားရတဲ့ အနုပညာရှင်တသ်ဦးဖြစ်အောင်ကြိုးစားမယ်။

             ပြီးတော့ ဝမ်းသာစရာပြောရဦးမယ်။ ပိုင်ရဲ့အကြိုက်ဆုံသီချင်း Right Here Waiting ဆိုတဲ့သီချင်းကို လွမ်းဆိုတတ်တယ်သိလား။ သီချင်းရဲ့အစ စန္ဒယား သံလေးကိုသိပ်ကြိုက်တာပဲ။ သီချင်းရဲ့အစ စန္ဒယား သံလေးကို သိပ်ကြိုက်တာပဲ။ လွမ်းနဲ့ပိုင်က အကြိုက်ချင်းသိပ်တူနေပါလား။

          ပိုင်ရဲ့အကြိုက်ဆုံး Why worry ဆိုတဲ့စာအုပ်တော့ လွမ်းမဖတ်ဖူးဘူး။ ပိုင်ပြောမှကြားဖူးတာ။ လွမ်းက အင်္ဂလိပ်စာမှ မတော်တာ။ အခု The Best English မဂ္ဂဇင်းက ဘာသာပြန်ပြိုင်ပွဲမှာ ဝင်ပြိုင်ပြီးလေ့ကျင့် သင်ကြားနေတုန်းပဲရှိတာ။ အဲ့ဒီတော့ ပိုင်သိသလောက်လွမ်းကိုနည်းနည်းစီ ပြောပြကွာ။ လွမ်းနားထောင်ချင်တယ်။

Let Me!Be Your Song (Completed)Where stories live. Discover now