Ch.15.

275 19 0
                                    

"ပြည်သူ့ဥယျာဥ်ကြီးက အကျယ်ကြီးပဲနော်။ ပျော်ရွှင်စရာ ကလေးကစားစရာတွေ၊ ရေကူးကန်တွေ စားသောက်ဆိုင်တွေနဲ့ အတော်ပြည့်စုံတာပဲ၊ စောစောက ထမင်းစားခဲ့ရတဲ့ မြန်မာဆိုင်ကလည်း အတော်လေးအဆင်ပြေတယ်၊ စားသောက်လို့ ကောင်းတယ် မင်းတောင်နာမည်ပြောသေးတယ်"

"သိဒ္ဓိရှင် ..."

"သြော်.... သြော်....သိဒ္ဓိရှင် ..."

"မစ္စတာတန် ခင်ဗျားကို ရေကန်လေးရှိတဲ့နေရာကို ခေါ်သွားမယ်။ အဲ့ဒီနားကထိုင်ခုံလေးမှာ ထိုင်ကြတာပေါ့နော်"

"ကောင်းသားပဲ"

"ပဲ..ဟက်...ဟက်.."

"ဆိတ်လေးက လူယဥ်လိုက်တာ၊ တစ်ခါတစ်လေဒီလိုဆိတ်လေးဖြစ်ချင်မိတယ်"

"ဘာဖြစ်လို့လဲ"

"သြော်....ဆိတ်လေးက ဘာအစားကိုမဆို ချေးမများဘဲ တရစပ် စားတတ်တယ်တဲ့။ ကျွန်တော်လည်း သူတို့လေးတွေလိုစားချင်တာ ဘယ်အစားကိုမဆို စားလို့ရသလို့၊ ဖြစ်ချင်တာတွေမှန်သမျှအကုန် ဖြစ်ချင်တယ်...."

*သြော်...လွမ်းရယ်ကိုယ်ကို ဒီအကြောင်းကကိုထိန်ချန်ခဲ့တယ်နော်*

"ကျွန်တော် ငယ်ငယ်တုန်းက အဲ့ဒီလို ရေကန်ရှိတဲ့ အနားမှာနေဖူးခဲ့တယ်။ အမေနဲ့ အဖေ အဆင်မပြေ ရန်ဖြစ်ရင် အဲ့ဒီရေကန်လေးမှာ သွားထိုင်ပြီး စက္ကူလှေကလေး လွတ်လေ့ရှိတယ်။ ကျွန်တော်ရဲ့ ဒုက္ခတွေ စိတ်ဆင်းရဲမှုတွေကို အဲ့ဒီလှေ စက္ကူလေးထဲထည့်မျှောပြီး သောကအမောတွေကို ဖြေလေ့ရှိတယ်။ ကြီးပြင်းလာ တော့လည်း စင်ကာပူက ကျွန်တော့်သူငယ်ချင်းဆီ စာရေးတဲ့အခါအဲ့ဒီလှေလေးလို ခေါက်ချိုးပြီး ကျွန်တော့်ရဲ့ သောက ဒုက္ခတွေကို အဲ့ဒီလှေကလေးထဲ ထည့်မျှောပေးလိုက်တယ်။ သူက စာများများဖတ်တဲ့သူဆိုတော့ အတွေးတွေက ရင့်ကျက်တည်ငြိမ်ပြီး ကျွန်တော့်ကို ဖြောင့်ဖျအားပေးခဲ့တယ်။ သူ့ရဲ့အားပေးစကားတွေကို လေယာဥ်ပျံလေးကို ခေါက်ချိုးပြီး ကျွန်တော်ဆီ ထည့်ပေးခဲ့တယ်။ အဲ့ဒီလေယာဥ်ပျံလေးရောက်လာရင် ကျွန်တော့်မှာ ထရင်ခုံမိတဲ့အထိ ပျော်ရွှင်ခဲ့ရဘူးတယ်။ သူကတော့ ကျွန်တော့ လှေလေးရောက်သွားရင် ကျွန်တော်ပျော်သလို မပျော်နိုင်ဘဲ စိတ်ညစ်သွားမှာပဲထင်ပါရဲ့"

Let Me!Be Your Song (Completed)Where stories live. Discover now