Chi.10.(Uni+Zaw)

305 20 0
                                    

လွမ်းသီချင်း Pov;

        မိုးသက်ပိုင် ခင်ဗျားကို ကျွန်တော်သတိရနေတုန်း ။

           ပိုင်အကြိုက်ဆုံးသီချင်းနဲ့ လွမ်းအကြိုက်ဆုံးသီချင်းနှစ်ပုဒ်ကို ဒီညက ဆိုလိုက်ရတယ်။ အဲ့ဒီအတွက်လည်းပိုင်နဲ့ရွယ်တူလူတစ်ယောက်က ပိုင်နဲ့လွမ်းနဲ့ပဲသိနိုင်လောက်တဲ့ ဆက်စပ်နေတဲ့ဆုတွေ တောင်လာချနေလို့ ​အံ့သြနေရသေးတယ်။ ဒီတစ်ညဟာ လွမ်းအတွက်တော့ အောင်ပွဲတစ်ပွဲပါပဲ။ ပရိတ်သတ်တွေကလည်း လက်ခုပ်တစ်ဖြောင်းဖြောင်းနဲ့ အားပေးလိုက်ကြတာ ။လွမ်းပိုင့်ကို မြင်စေချင်ပါတယ်။ ကြားလည်းကြားစေချင်တယ်။

        လွမ်းဆန္ဒတွေပြည့်ပြီလားမသိတော့ပါဘူးဗျာ ။ Right here waiting သီချင်းကို request လုပ်တဲ့သူက ပိုင်များဖြစ်နေမလားလို့  တွေးမိသေးတယ်။ အဲ့သီချင်းက ပိုင်အကြိုက်ဆုံးမဟုတ်လား။ ဒါပေမဲ့ request လုပ်တဲ့သူက ဦသူနိုင်ဆိုတဲ့လူကြီးဖြစ်နေတော့ လွမ်းတွေဝေသွားပြန်တော့။ ပြီးတော့ လွမ်းအကြိုက်ဆုံး တစ်သက်လုံးပဲသတိရနေမယ်ဆိုတဲ့ သီချင်းကိုတောင်းတဲ့သူကရော ဘာလို့ ဦးဆန်နီဆိုတဲ့ လူဖြစ်သွားရတာလဲ။ ဒီသီချင်းနှစ်ပုဒ်က ဘာလို့တိုက်ဆိုင်သွားရတာလဲ။

         လွမ်းကိုဆုချတဲ့ မျက်လုံးပြာပြာလေးတစ်စုံက လွမ်းကို ဘာလို့ရင်ခုံစေရတာလဲ။ လွမ်းနှလုံးသားကို နိုးကြားပြီး လွမ်းကို ရင်ခုံစေတာ ပိုင်တစ်ယောက်ပဲရှိပါတယ် ကိုမိုးသက်ပိုင်။ လွမ်းရဲ့ မသိစိတ်မှာ အဲ့ဒီလူဟာ ပိုင်ဖြစ်နေလိမ့်မယ်လို့ ခံစားနေရတယ်။

         ဒါပေမဲ့ ပိုင်ဘယ်လိုဖြစ်နိုင်မလဲ ပိုင့်ရဲ့စာအရဆိုရင် သွေးကင်ဆာရောဂါနဲ့ စင်ကာပူဆေးရုံတစ်ရုံပေါ်မှာ အရေးပေါ်သွေးသွင်းခံနေရတယ်။ အဲ့ဒီလိုလူက Skyစားသောက်ဆိုင်မှာလာစားပြီး သီချင်းတွေနားထောင်နေတယ်။ လွမ်းဘယ်လိုနားလည်ရမှာလဲဗျာ ။ ပိုင်ဟာ ရိုးသားဖြောင့်မတ်တယ်၊ တည်ကြည်တယ်၊ စိတ်ထားသိမ်မွေ့တယ် ဘဝကို ရဲရဲရင့်ရင့် ရင်ဆိုင်တယ်။ ပိုင်ဟာ လွမ်းရဲ့ စံပြသူရဲကောင်းပါ။ အဲ့ဒီလူရဲ့ဝတ်စားဆင်ယင်မှုက သန့်ပြန့်မယ်၊ သေသတ်သန့်ရှင်းမယ်၊ စမတ်ကျမယ်လို့လွမ်းစိတ်ထဲ အမြဲမြင်နေတယ်။ အခုတော့ ပိုင်ရဲ့ဒီဇိုင်းက ပါးသိုင်းမွေး နှုတ်ခမ်းမွေးတွေနဲ့ တီရှပ်မဲမဲကြီးကိုဝတ်ပြီး ကာတီရောင်ဘောင်းဘီနဲ့ဆိုတော့ ပိုင်မဖြစ်နိုင်ဘူးဆိုပြီး  ထင်ပြန်ရော။ ဒါပေမဲ့ အသားဖြူဖြူအရပ်မြင့်မြင့်နဲ့ ဆံပင်ကိုအလယ်ခွဲထားတဲ့ ပိုင့်ရဲ့စတိုင်ကိုတော့ကြိုက်ပါတယ်။ကျွန်တော်ရူးချင်ပြီ မိုးသက်ပိုင်ရေ။

Let Me!Be Your Song (Completed)Where stories live. Discover now