Ch.19.

273 16 1
                                    

"ချစ်ခင်လေးစားရပါသော တေပရိသတ်များခင်ဗျ၊ ဒီသီချင်းကို ကျွန်တော်ချစ်ခင်လေးစားရတဲ့ သူကိုရည်ညွန်းပြီး သီဆိုဖျော်ဖြေမယ့် သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ အဲ့ဒီသီချင်းကို သူကိုယ်တိုင်ပဲ ရေးစပ်သီကုံးပြီး ပေးခဲ့ပါတယ်။ ကျွန်တော်ဟာဒီသီချင်းကို ဆိုရတဲ့အချိန်မှာ ကျန်းမာရေးအခြေအနေကြောင့်စိတ်ဓာတ်ကျပြီး စိတ်ပျက်အားငယ်နေတဲ့ အချိန်ဖြစ်ပါတယ်။ ဒီသီချင်းကို လေ့ကျင့်သီဆိုရင်းကျွန်တော့်ရဲ့ ပျောက်ဆုံးနေတဲ့ ဘဝအားမာန်တွေ ပြန်လည်ရရှိစေခဲ့ပါတယ်။ အဲ့ဒီသီချင်းကို သီဆိုမိတဲ့အခါတိုင်း စိတ်တွေဟာတက်ကြွပြီး ပျော်ရွှင်ကြည်နူးသလိုဖြစ်လာရပါတယ်။ ဒါကြောင့် ကျွန်တော့်လိုပဲ စိတ်ဓာတ်ကျအားငယ်စရာအခြေအနေမျိုး ရှိနေကြသူတွေအတွက် ဒီသီချင်းကို ကျွန်တော့်ရဲ့ အတွယ်အတာရဆုံးသူတွက်ပါ အသက်ရှင်သရွေ့ သီဆိုသွားမှာဖြစ်ပါတယ်။

သီချင်းလေးရဲ့ နာမည်က "မင်းလေးရဲ့ သီချင်း"ဖြစ်ပါတယ်။ ခံစားနားဆင်ကြည့်ပါဗျာ။

(စာပေအမြင်နဲ့ရသမြောက်အောင်ဖတ်ရှူခံစားပေးကြပါ)

"ဘဝဟူသည်.....နေခြည်ထူး၍........ညှိုးရသည့် ပန်းပမာ နွမ်းလျစွာမြေခ.....ကြွကျဖို့မဟုတ်ပါ။

ဘဝဆိုတာ....ကြိုးစားရုန်းကန်. အောင်ပွဲခံဖို့ပင် အောင်မြင်သူတွေကို စံထား....မညည်းတွားနဲ့လေ.....ထာဝစဥ်ကြိုးစား...နိုးကြားစေချင်....ဖြတ်သန်းသွားရမဲ့.... ဘဝခရီးလမ်းဆိုတာ..... ခရောင်းလမ်းလို ကြမ်းချင် ကြမ်းပါစေ။ ဆူးခင်းလမ်းလို ကြမ်းချင်ကြမ်းပါစေ။ အလွမ်းသီချင်းဆိုပြီး ငိုညည်းမသွားချင်ပေ။

သေမြေကြီး....ရှင်ရွှေထီး စိတ်ဓာတ်နဲ့...မရပ်မနား ကြိုးစား.....ခရီးသွားရမဲ့ တို့တတွေ။

သေခြင်းကိုမမူ.... ရှင်ခြင်းကို ဂရုပြု.....သူ့အကျိုးဆောင်.... လူ့ဘောင်ငြိမ်းချမ်းအောင်.....စွမ်းဆောင်နိုင်သူမျိူးတန်ဖိုးရှိပါစေ။

ရင်ထဲက အသိတရားတွေ.... နားဆင်သူတွေ နှလုံးသားမှာ.....ခံစားစွဲငြိသွားပါစေ...အသိတရားတွေ ပေးမျှဝေရင်း သေ သည်အထိ... မင်းလေးအတွက်...သီချင်းဆိုသွားချင်တယ်လေ။

Let Me!Be Your Song (Completed)Where stories live. Discover now