Ch.14.

259 17 0
                                    

"လွမ်းသီချင်း....ကိုယ့်ကို ရွှေတိဂုံဘုရားလိုက်ပို့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ သိပ်ကြည်နူးဖို့ကောင်းတာပဲနော်။ ငယ်ငယ်တုန်းကရောက်ဖူးပေမယ် အခုနဲ့ မတူတော့ဘူး။ သိပ်ကိုလှပတာပဲနော်"

"မစ္စတာတန် ....ဘုရားစေတီတွေကို ပြောတဲ့အခါမှာ လှပတယ်လို့မပြောရပါဘူး။ သပ္ပာယ်တယ်လို့ ပြောရပါတယ်"

"သပ္ပာယ်တယ် .....ဟုတ်ပြီ.....ဟုတ်ပြီ...ငယ်ငယ်တုန်းက ဘွားဘွားပြောတာ ကြားဘူးတယ် ဆောရီးနော်"

"ဒီလိုကြီးကျယ် ထင်ရှားတဲ့ စေတီကြီးကို လာရတာ သိပ်ကို စိတ်ချမ်းမြေ့တာပဲကွာ။ ရင်ထဲမှာ ဘာသောကမှ မရှိတော့သလိုပဲ"

"စေတီကြီးလို့ ပြောလေ့မရှိပါဘူး။ ရွှေတိဂုံစေတီတော်မြတ်ကြီးလို့ သုံးနှုန်းရပါတယ် မစ္စတာတန်"

"ရွှေတိဂုံ စေတီတော်မြတ်ကြီး ဟုတ်တာပေါ့ သိပ်ကိုလေးနက်ပြီး အဓိပ္ပာယ်ရှိသွားတယ်။ အခုလိုပြင်ပေးတာ ကျေးဇူးတင်ပါတယ်"

"ရွှေတိတော် စေတီတော်မြတ်ကြီးဟာ မြန်မာလူမျိုးတွေအတွက် တကယ့်ကို ဂုတ်ယူစရာပဲနော်"

"ကျွန်တော်တို့အတွက်တော့ အဖိုးမဖြတ်နိုင်အောင် ဂုဏ်ကျက်သရေရှိတယ်။ ခင်ဗျားကော ဂုဏ်မယူဘူးလား"

"ဘာကို ဆိုလိုတာလဲ လွမ်းသီချင်း "

"ခင်ဗျားဟာ မြန်မာပြည်မှာမွေးပြီး မြန်မာပြည်မှာ ဒီလိုကြီးကျယ်ထင်ရှား မြင်မြတ်တဲ့ ဒီလိုရွှေတိဂုံစေတီတော်မြတ်ကြီး ရှိနေတာကို ဂုဏ်မယူဘူးလားလို့မေးကြည့်တာပါ "

"အခုနေရာမှာကိုယ်သာ မြန်မာလူမျိုးဖြစ်ခဲ့ရင် အရမ်းဂုဏ်ယူမှာပေါ့"

"ငယ်ငယ်တုန်းက ခင်ဗျားအဖွားက ခင်ဗျားကိုပုံပြင်ပြောပြတဲ့ အခါ ရွှေတိဂုံစေတီတော် သမိုင်း မပါခဲ့ဖူးထင်တယ်နော်"

"ဟုတ်ပါတယ် မပါဘူး။ အခြားပုံပြင်တွေပဲပြောပြခဲ့တာ။ ကိုယ်တို့ စင်ကာပူမှာထင်ရှားတဲ့ ခေါင်းဆောင်တွေအကြောင်း လွတ်လပ်ကြိုးပမ်းမှုတွေ အကြောင်းတွေပဲ ပြောခဲ့တယ်"

Let Me!Be Your Song (Completed)Where stories live. Discover now