Extra-2(Pure Of Love)

408 10 1
                                    

🎼ဒီနေ၀င်ချိန် ကိုယ် ဘယ်မေ့မလဲ......
အမှောင်၀င်လာတယ်.....ဒီညထဲ.....
ရက်စက်တဲ့စကားများနဲ့ အသဲ....ကိုဖဲခြွေခဲ့.....နေချင်တယ်ဆိုရင် နေနိုင်ပါတယ်။🎼

"ဟွား!!!"

ဘယ်လောက်အိပ်ရေးပျက်ပါစေ။ ၇နာရီဆို အမြဲထတတ်သော မိုးသက်ပိုင်။ နံရံအပြည့်နေရာယူသော သဘာ၀ဆန်ဆန်ပန်းချီကားများက မှန်ပြတင်းပေါက်မှ ချောင်းကြည့်နေသောသစ်ရွက်စိမ်း၊ သစ်ရွက်နုများ၊ နွေဦးကာလဝါကျင်ကျင်တွဲလောင်းကျသစ်ရွက်ခြောက်တို့နဲ့အပြိုင်။ မျက်စိပဒေသာအေးချမ်းမှုကိုပေးစွမ်း၏။

Toilent၀င်ရအဆင်ပြေစေရန် ရေတစ်ခွက်အားအ၀သောက်ရသည်။ ၀ရန်တာရှေ့ထွက်ကာလေသန့်သန့်တို့အားအ၀ရှုရှိုက်ပစ်သည်။

တိုက်ခန်းရဲ့ မျက်နှာချင်းဆိုင်cafeလေးမှ မနက်ခင်းအချိန်အခါသမယ ပျံလွှင့်နေသော တေးသွားကတော့ စာသားအသွားအလာများက အလိုက်မသင့်သော်ညား သံစဥ်များကအေးချမ်းမှုကိုပေးစွမ်းနေလျက်။

ပဲပြုတ်ဗျို့အစချီသံနှင့်တကွ မပြည့်တင်းနိုင်လေသော ၀မ်းစာအတွက် သူသူငှာငှာလှုပ်ရှားကြရတဲ့ချိန်ခါ။

နွေးဦးကာလ အနာဂါတ် ရေဒီယိုကမာရွတ်တို့ရဲ့ စာအံ၊စာကျက်သံအချို့။

မနက်အာရုံဆွမ်း၊ 'ဆွမ်းတော်ဗျို'နိဗ္ဗာန်ဆော်​သြ ကြသည်များ။

သတ္တဝါအပေါင်း ငြိမ်းအေးစေသော်ညား အိမ်တကာမှ ဆရာတော်ဘုရားကြီးများ၏မေတ္တာပို့သစေကြား တိတ်ခွေသံများ။

အာရုဏ်ဦးရဲ့ နိဒါန်းတေးသွားတွေပါလား။ ကိုယ်လက်သန်စင်ခြင်းအပြီး။ ဘုရားစင်းတုတော်အား မျက်နှာသစ်တော်ရေတစ်ခွက်အား မေတ္တာသုတ်ဖြင့် ဆက်ကပ်ပူဇော်သည်မှာ အဓိဋာန်ပမာစွဲမြဲနေသည်။ မင်္ဂလာကိုဆောင်ကြည်းပြီးတစ်နေ့တာကိုအစချီတာ မြန်မာလူမျိုးတွေရဲ့ မြေရိုးမဟုတ်လား။

နှစ်ရာဖိုးသာရှိသောပဲပေါင်းနှင့် ထမင်းဆီဆမ်းက ရိုးအီသွားရယ်မရှိ။ ၀ယ်နေကြမလို့ ပိုပိုသာသာ ထည့်ပေးလေသောပဲပေါင်းများက တစ်ယောက်ထဲစားမကုန်ပြန်။ ထမင်းကြမ်းခဲများနှင့်ရောနယ်ကာ အိမ်ရှေ့လာလာအိပ်သော လမ်းဘေးခွေးလေးကိုချကျွေးဖြစ်၏။

Let Me!Be Your Song (Completed)Where stories live. Discover now