Ch.18.

265 19 1
                                    

   "မစ္စတာတန်.....သက်သာရဲ့လားဟင် ”

   "ကိုယ့်ရောဂါက အေးအေးဆေးဆေးအနားယူပြီးရင် သက်သာသွားတာပါပဲ။ ဒါနဲ့မင်းရော အဆင်ပြေ သက်သာရဲ့လား.... ကိုယ့်ကို ဘာလို့လာတွေ့တာလဲ”

     "မစ္စတာတန်ရဲ့အစီအစဥ်တွေနဲ့ ပက်သက်ပြီး ပြောစရာရှိလို့ပါ။ ဘာဖြစ်လို့ ဒီအစီအစဥ်တွေကို ကျွန်တော့်အတွက်လုပ်ပေးခဲရတာလဲ”

     "ဒီအစီစဥ်တွေကို ကိုယ်အကြောင်းမဲ့ လုပ်ခဲ့တာမဟုတ်ပါဘူး။ရည်ရွယ်ချက် ၂ မျိုးပါပါတယ်။ တစ်မျိုးက ကိုယ့်ကုမ်ပဏီရဲ့ကောင်းကျိုးအတွက်ပါ။ ကိုယ်မင်းကို ယုံတယ်။ ပြီးတော့ မင်းရဲ့ အနုပညာစွမ်းရည်ကိုလည်း ယုံကြည်တယ်။ နောက်တစ်ချက်က ဘ၀တူလူချင်းမို့လို့ ကိုယ်ကူညီချင်တယ် ။”
  
       "ဘဝတူ လူချင်းလို့ မစ္စတာတန် ဘာကိုဆိုလိုပြီးပြောတာလဲ”

     "ကိုယ်လည်း နှစ်လပိုင်းလောက်သာ ခံရတော့မဲ့ ရောဂါရနေသူတစ်ယောက်ပါ။ ကိုယ်ဟာ သေမိန့်ချခံထားရတဲ့ လူတစ်ယောက်နဲ့တူတူပါပဲ။ ”  

      "ခင်ဗျား......သွေးကင်ဆာရောဂါဖြစ်နေတာမဟုတ်ဘူးလား။”

      "မင်းက....ကိုယ့်စိတ်ထဲထင်တာတွေးနေတာကိုး။ ထားတော့ပါလေ။ အဲ့ဒီရောဂါကြောင့်ကိုယ်သေရတော့မယ်ဆိုတာသိတော့ တုန်လှုပ်သွားမိတာပေါ့။ ကိုယ့်ပါးပါးက သေခြင်းတရားကို ရင်ဆိုင်နည်းလမ်းတွေသင်ပေးခဲ့တယ်။  သေခြင်းတရားအပေါ်မှာထားရမဲ့ သဘောထား။ ရှင်သန်နေရမဲ့အချိန်မှာ လုပ်ရမဲ့အလုပ်။ နောက်ဆုံးချိန်မှာထားရှိရမဲ့သဘောထားတွေကို ပါးပါးကြောင့် ကိုယ်သိခွင့်ရခဲတယ်။ အဖေကောင်းရှိတဲ့အတွက် ကိုယ့်ဘဝကို တည်ငြိမ်စွာရငိဆိုင်နိုင်ခဲ့တယ်။ ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေလုပ်ခဲ့တယ်။ တရားဓမ္မကိုလေ့ကျင့်တယ်။ အများကောင်းကျိုးတွေလိုက်ဆောင်ရွက်တယ်။ လူသားတွေအတွက်အကျိုးရှိတဲ့ အလုပ်တွေ လုပ်တယ်။ အလှူဒါနပြုမဲ့နေရာတွေသွားပြီး လူအားငွေအားနဲ့ အလှူဒါနပြုတယ်။ ဒါသေတော့မယ်လို့ သေချာသိနေတဲ့ လူတစ်ယောက်ရဲ့ အလုပ်ဘဲ။

          ဒီလူဟာသေတော့မယ်ဆိုပြီး စိတ်ပျက်ငိုညဥ်းနေမှမဟုတ်ဘူး ။ လုပ်စရာရှိတဲ့အလုပ်တွေလုပ်ပြီး အစွဲအလမ်း သံယောစဥ်တွေကို ဖြတ်ရမယ်။ ပြီးတော့ တရားဓမ္မကို နှလုံးသွင်းလေ့ကျင့်ပြီး သေမင်းကို ရဲရင့်တည်ကြည်စွာ ရင်ဆိုင်ရမယ်။”

Let Me!Be Your Song (Completed)Where stories live. Discover now