"သား......နေလို့ထိုင်လို့ သက်သာရဲ့လား”
"သက်သာပါတယ်...ပါးပါး”
"ဆေးရုံပေါ်ကဆင်းလာတာ သိပ်မကြာသေးတော့ လှုပ်လှုပ်ရှားရှားသွားသွားလာလာ သိပ်မလုပ်နဲ့ဦး”
"ဟုတ်ကဲ့..ပါးပါး၊ ဒါပေမဲ့....”
"ဘာ......ဒါပေမဲ့လဲကွ”
"သား....အခြေအနေကို သားသိသလိုပါးပါးလည်း သိနေပါတယ်။ လူ့လောကမှာ ကျွန်တော်ရဲ့ နေထိုင်ခွင့်ပါမစ်ဟာ ၆လအများဆုံးပဲလို့ ဆရာဝန်တွေ ယူဆခဲ့ပြီးပြီလေ။ ပြီးတော့ရောဂါရဲ့နောက်ဆုံးအဆင့်ကို ရောက်ခါနီးပြီပဲ။ ”
"ဒါတွေ.....မပြောပါနဲ့သားရယ်။ တို့တွေ အသက်ရှင်နေထိုင်ခြင်း အကြောင်းပဲ ပြောကြရအောင်။ သားဘာတွေလှူတန်းချင်သေးလဲ။ ”
"ကျွန်တော်မှာ လုပ်စရာတစ်ခုရှိနေသေးတယ်ပါးပါး။ အဲ့ဒါကျွန်တော်မသေခင်လုပ်သွားချင်တယ်။”"ဘာလဲ.....ပန်းချီပြပွဲ လုပ်ချင်သေးလို့လား။ လုပ်ပေါ့ကွာ။ ဘယ်ဟော်တယ်မှလုပ်ချင်လဲ။ ပါးပါးစီစဥ်ပေးမယ်။ ”
"မဟုတ်ဘူး...ပါးပါး၊ ကျွန်တော်မရောင်းဘဲ ထားခဲ့တဲ့ အဝါရောင်လမ်းကလေး ပန်းချီကားကို ကျွန်တော်အတွယ်တာဆုံး ကောင်လေးကိုသွားပေးချင်တယ်”
"သားကျန်းမာရေးက သိပ်ကောင်းသေးတာမဟုတ်တော့ သားကိုယ်စား ပါးပါးသွားပေးလို့မရဘူးလား”
"မရဘူး ပါးပါး၊ သူ့ကို ကျွန်တော်ကိုယ်တိုင် သွားပေးချင်တယ်။ ပြီးတော့ သူနဲ့တွေ့သွားချင်တယ်။”
"ဖြစ်ပါ့မလား သားရယ်၊ ခရီးဝေးလှပါတယ်။ ”
"ပါးပါး ပြောဘူးခဲ့တယ်လေ။ လူဆိုတာ သေနေ့စေ့ သေကြတာပဲ။ ဘယ်နေရာမှာ ဘယ်လို သေကြမယ်ဆိုတာ ဘယ်သူမှသိနိုင်တာမှမဟုတ်တာ ဆိုတာလေ။ အခုလည်းကျွန်တော်ဘာရောဂါနဲ့ ဘယ်နေရာမှာ သေရမှန်းမှမသိတာ ။ ဒီတော့ကျွန်တော်အလုပ်ချင်ဆုံးအလုပ်ကိုလုပ်ပြီး သေပရစေ။ အဲ့ဒီလိုမှမလုပ်ရရင် ကျွန်တော်သေခါနီး သူ့ကိုစွဲလမ်းသွားနိုင်တယ်ပါးပါး ။”
"အေးလေ....သား ဒီလောက်စိတ်ပြင်းပြနေမှတော့ ပါးပါးမတားတော့ဘူး ပါးပါးရဲ့ မန်နေဂျာကို ထည့်ပေးလိုက်မယ်။ ရန်ကုန်မှရှိတဲ့ ဖေဖေ့ကိုယ်စားလှယ်ကိုလည်း လိုတာလုပ်ပေးဖို့ ဖုန်းကြိုဆက်ပေးထားမယ်။ သားဘယ်တော့ သွားချင်လဲ”
YOU ARE READING
Let Me!Be Your Song (Completed)
Random❗မျက်ရည်ခိုင်မှဖတ်ပါ❗ "အဝါရောင်လမ်း၊ ဖြတ်သန်းမရဲ ကိုယ့်စိတ်ထဲမယ်၊ အသဲငယ်လွန်းလို့ ပါကွယ်" "အဝါရောင်လမ်း၊ ဖြတ်သန်းမရဲ ကိုယ့်စိတ်ထဲမယ်၊ အသဲငယ်လွန်းလို့ ပါကွယ်" This story base from a true story on 2000.