Ch.17.

280 17 0
                                    

"အခုပြောတဲ့ ကိစ္စတွေဟာ ဘယ်သူ့အစီအစဥ်တွေလဲလို့ သိခွင့်မရဘူးလား အန်ကယ်ဦးသူနိုင်။ ပြီးတော့ ကျွန်တော့်လို လူတစ်ယောက်အတွက်က ဒါတွေမလိုတော့ဘူးထင်တယ်။"

"ရပါတယ်။ မစ္စတာတန်က မောင်လွမ်းသီချင်းရဲ့ အနုပညာအရည်အသွေးကို သဘောကျခဲ့ပါတယ်။ မြန်မာပြည်ကို တင်သွင်းမဲ့ သူ့ရဲ့ ကုန်ပစ္စည်းတွေကို မောင်လွမ်းသီချင်းနဲ့ကြေငြာမယ်ဆိုရင် အောင်မြင်မယ်လို့သူယုံကြည်ပါတယ်။ ပြီးတော့မောင်လွမ်းသီချင်းဟာ ကုမ္ပဏီတစ်ခုရဲ့ စက္ကထရီ အလုပ်မျိုးလုပ်ဖူးခဲ့တော့ ကြော်ငြာတာဝန်ခံ၊ ကိုယ်စားလှယ်အဖြစ် မလုပ်နိုင်စရာမရှိဘူးလို့သူထင်ပါတယ်။ ပြီးတော့ ကုမ္ပဏီမှာဖျော်ဖြေရေးတာဝန်ခံသဘောမျိုးလုပ်ပြီး သီချင်းတွေ ဆိုစေချင်တယ်တဲ့။"

"သူကရောအခုဘယ်မှာလဲ။ သူစိမ်းတစ်ယောင်ရဲ့စေတနာပလပွတွေနဲ့ လုပ်ပေးတဲ့ အစီအစဥ်တွေကို ကျွန်တော်က အားရဝမ်းသာလက်ခံမယ်လို့ မျှော်လင့်နေတာလား။ ကျွန်တော် အခွင့်အရေးရတိုင်း လွယ်လွယ်ယူတတ်တဲ့သူမဟုတ်သလို ကျန်ရှိနေတဲ့ကျွန်တော်အချိန်လေးမှာ ကိုယ့်စိတ်တိုင်းကျပဲနေချင်တယ်။".

"သူ......အခု ပုဂ္ဂလိကဆေးရုံ တစ်ခုပေါ်မှာ ထပ်ပြီးဆေးကုသမှုခံနေရပါတယ်။ သူရဲ့စေတနာနဲ့ စီစဥ်ဆောင်ရွက်ချက်တွေကို မောင်လွမ်းသီချင်း သာငြင်းလိုက်မယ်ဆိုရင် သူအတော်စိတ်မကောင်းဖြစ်သွားမှာပဲ။ ပြီးတော့....သူနေကောင်းရင် မောင်လွမ်းသီချင်းကို လာတွေ့ပြီးသူ့အစီအစဥ်တွေကိုရှင်းပြမှာပါ။ မောင်လွမ်းသီချင်း လက်ခံတဲ့အထိ Requestလုပ်လိမ့်မယ်။

"သြော်.....သူတောင်ဆေးကုနေရပြီပဲ။

"ဟုတ်တယ်။ သူနေမကောင်းတဲ့ကြားကထဲက သူ့ဘာသာ အစီအစဥ်ချပြီး ဆောင်ရွက်ခိုင်းလို့ အန်ကယ်တို့က မဖြစ်မနေလိုက်လုပ်ပေးကြတာပါ။ ပြီးတော့သူ့စေတနာက မောင်လွမ်းသီချင်း အပေါ်မွန်မြတ်ပြီး သန့်စင်ပါတယ်။ ဘာပြုလို့လဲဆိုတော့ ဒီအစီအစဥ်တွေပြီးတာနဲ့ သူ စင်ကာပူကိုပြန်တော့မှာပါ။ နောက်တစ်ခေါက် ပြန်လာဖို့ဆိုတာလည်း သူ့အတွကိမလွယ်ကူပါဘူး။ မောင်လွမ်းသီချင်း ဆီကလည်း သူ့ဘာတစ်ခုမှ မတောင်းဆိုခဲ့ပါဘူး။ ဘာအခွင့်အရေးမှ မယူဘူးဆိုတာလည်း သေချာပါတယ်။ တစ်ခုပဲရှိတယ်။ သူ့စေတနာကို ယုံကြည်လို့ သူ့အစီအစဥ်ကို လက်ခံတယ်ဆိုရင် အခုလာမဲ့ သောကြာနေ့မှာ skyစားသောက်ဆိုင်မှာ မောင်လွမ်းသီချင်းသီချင်းဆိုတာကို နားထောင်ချင်ပါတယ်​တဲ့။ အခုသူပေးလိုက်တဲ့သီချင်းကို ဆိုပြပေးပါတဲ့။ "

Let Me!Be Your Song (Completed)Där berättelser lever. Upptäck nu