Ch.6.(Uni+Zaw)

311 24 0
                                    

လွမ်း.......
  
              ကံတရားတွေက လွဲချော်သွားတဲ့အခါ လွမ်းနဲ့ကိုယ် မမျှော်လင့်ဘဲအတော်အတန်ကြာတဲ့အထိအဆက်အသွယ်ပြတ်သွားခဲ့တယ်။ လွမ်းရဲ့စာကို ကိုယ်မရတာကြာပြီ။ လွမ်းလိပ်စာပြောင်းသွားတာလားမသိဘူး။

         ဒီစာရေးနေတဲ့အချိန်ကိုယ်ဟာ စင်ကာပူဆေးရုံတစ်ခုမှာ အရေးပေါ်သွေးသွင်းကုသခံနေရတယ်။ ကိုယ့်အမေရဲ့ ရောဂါ လူကေးမီးယားခေါ်တဲ့ သွေးကင်ဆာကို ကိုယ်အမွေဆက်ခံ ရသတဲ့လေ။

      တစ်လတစ်ကြိမ်သွေးသွင်းနေရတော့ ဘယ်လိုမှသွားလာလို့မရနိုင်တဲ့ အခြေအနေမျိုးပါပဲ။ အခုမှဖေဖေရဲ့ ညဏ်အမျှော်အမြင်ကြီးမားပုံကို သိရတော့တယ်။

       ကိုယ့်မှာမိဘမျိုးရိုးဖြစ်တဲ့ သွေးကင်ဆာရနိုင်တယ်ဆိုတာ ကြိုသိနေလို့ တရားဓမ္မကို ကြိုလေ့ကျင့်ပေးထားခဲ့တယ်။ ဝေဒနါကိုခံနိုင်အောင်၊ ဘဝကိုစိတ်ပျက်အားငယ် အရှုံးမပေးရလေအောင် အမြဲတမ်းဆွေးနွေးဝေဖန်ပေးခဲ့တယ်။ စာအုပ်ကောင်းတွေကိုရှာဖွေပြီး ဖတ်ခိုင်းခဲ့တယ်။

        အကျိုးရှိတဲ့ ဝါသနာပါတဲ့အလုပ်တွေကိုလည်း စိတ်ကြိုက်လုပ်ခိုင်းခဲ့တယ်။ အဲ့ဒီမတိုင်ခင် လူသားပီပီ သေမင်းကိုကြောက်ပြီး စိတ်ခြောက်ခြားခဲ့မိသေးတယ်။ ဒီအချိန်မှာ လွမ်းဆီကိုရေးတဲ့ စာတွေကလွမ်းကိုစိတ်ထိခိူက် ဝမ်းနဲစေမှာပဲဆိုပြီး တမင်စာမထည့်ဖြစ်ခဲ့တာပါ။ ဒါပေမဲ့လွမ်းအကြောင်းကို ကိုယ်အမြဲနားစွင့်နေလျက်ပါ။

         လွမ်းက နဂိုတည်းက စိတ်ပျက်အားငယ်နေတာ ကိုယ့်စာကိုဖတ်ရရင်ပိုဆိုးမှာပေါ့ လို့ ပါးပါးကလည်း အကြံပေးခဲ့တယ်လေ။ ဒါကြောင့်သူကလည်း ပေးမထည့်ခဲ့တာပါ။ သံယောဇဥ်ဆိုတာ မီးလိုပဲ ပူပြင်းတောက်လောင်နိုင်တာမို့ ဘယ်သူ့အပေါ်မှာမှနက်နက်ရှိုင်းရှိုင်း သံယောဇဥ် မတွယ်မိစေဖို့ ပါးပါးက တရားဓမ္မနဲ့ ကိုယ့်ကိုဆုံးမပြီး မေတ္တာနှစ်လုံးသွင်းခိုင်းခဲ့ပါတယ်။ ဒါကြောင့်ကိုယ်လွမ်းကို အဆက်အသွယ်မလုပ်ခဲ့တာပါ။

        အခုတော့ ကိုယ့်စိတ်တွေတည်ငြိမ်သွားပါပြီ။ မေတ္တာကို ကိုယ်နားလည်သွားပြီ။ မေတ္တာရဲ့ အကျိုးရလဒ်မှာ သောကတွေ ဝမ်းနည်းကြေကဲဲခြင်းတွေမရှိဘူး။ လွမ်းအပေါ်ထားတဲ့ ကိုယ်မေတ္တာက ဖြူစင်သန့်ရှင်းတဲ့ သူငယ်ချင်းမေတ္တာမျိုးပါပဲ။ ဒီရောဂါအကြောင်း လွမ်းလည်းသိသင့်သလောက် သိမှာပါ။ ကုရာနတ္တိ ဆေးမရှိသေးပါဘူး။ အချိန်ကာလတစ်ခုကိုရောက်တဲ့အခါမှာ သေမင်းနောက်ကိုကောက်ကောက်ပါအောင် လိုက်ရတာပဲမဟုတ်လား။ မကြောက်မရွံ ရဲရဲတင်းတင်း စိတ်ရှင်းရှင်းနဲ့ လိုက်သွားနိုင်ဖို့ပဲအရေးကြီးပါတယ်။

Let Me!Be Your Song (Completed)Where stories live. Discover now