Ch.3(Uni;)

732 27 0
                                    

လွမ်း......
လွမ်း​ပြောတဲ့မြန်မာသံစစ်စစ် သီချင်းတွေ မြန်မာပြည်လှမ်းမှာပြီး ကိုယ်နားထောင်ကြည့်အုံးမယ်။ ပြီးတော့လွမ်းရဲ့ အကြိုက်ဆုံး သီချင်းဖြစ်တဲ့ "တစ်သက်လုံးပဲ သတိရနေမယ်"ဆိုတဲ့သီချင်းကို လွမ်းဆိုပြတာ ကိုယ်နားထောင်ချင်လိုက်တာ။

လွမ်းဖတ်နေတဲ့စာအုပ်တွေကိုလည်း ကိုယ်လိုက်ဖတ်ကြည့်ပါအုံးမယ်။ လွမ်းရည်မှန်းချက်က အဆိုတော်ဆိုတော့ ကိုယ်တော်တော် သဘောကျသွားတယ်။ အဆိုတော်ဆိုတာ အနုပညာရှင်ပဲ။ အနုပညာရှင်တစ်ယောက်ဖြစ်ဖို့သိပ်ခက်တာ။ သူက ဖော်မြူလာလည်း မရှိဘူး။ ဘယ်လောက်ကြာမှ အဆိုတော်ဖြစ်မယ်ဆိုတာလည်း နှစ် ကန့်သတ်ချက်မရှိဘူး။ ဖြစ်ပြီးဆိုရင်လည်း ပရိတ်သတ်က ဘယ်လောက်ကြာကြာ လက်ခံမယ်ဆိုတာလည်းမသိဘူး။ အဲ့ဒီလိုမသေချာ မရေရာတဲ့ အသက်မွေးဝမ်းကျောင်းကို ငယ်ငယ်ကတည်းက ဆုံးဖြတ်ရွေးချယ်ရဲတဲ့ လွမ်းသတ္တိကို ကိုယ်သဘောကျတာပါ။

အဲ့ဒီလို စိတ်ဓာတ်ပြင်းပြပြီး မဖြစ်မနေလုပ်တတ်တဲ့ သူတိုင်းဟာ နောက်ဆုံးတော့ သူတို့ဖြစ်ချင်တာ ဖြစ်သွားကြတာပါပဲ။

လွမ်းမှာ မိဘနှစ်ပါးမရှိတော့လို့ စိတ်မကောင်းပါဘူး။ ပေါ်လီယာနာအတွေးမျိုးနဲ့ တွေးရရင်တော့ မိဘနှစ်ပါးမရှိတော့လည်း လွမ်းမှာငှဲ့ညာ ထောက်ထားပြီး ကျွေးမွေးပြုစုစောင့်ရှောက်ရမဲ့လူနှစ်ယောက် နည်းသွားတာပေါ့။ မိဘတွေမရှိတော့ တစ်ခါတစ်လေ အရမ်းစိတ်အားငယ်မှာပဲနော်။ ကိုယ် ကိုယ်ချင်းစာပါတယ်။ ဒါပေမဲ့ အခုလွမ်းမှာ ခင်မင်အားကိုးစရာကောင်းတဲ့ အကိုသူငယ်ချင်းလေးရှိနေပြီဆိုတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်ဆီကို ရင်ဖွင့်ပြ အားကိုးလို့ရတာပေါ့နော်။

ပြီးတော့ လွမ်းမေးထားတာ တစ်

ခုရှိသေးတယ်။ ကိုယ့်စာတွေကို ဘာဖြစ်လို့ လေယဥ်ပျံလို ခေါက်ချိုးပြီး ထည််ပေးရတာလဲတဲ့။ နားထောင်.....ကိုယ်ပြောပြမယ်။

ကိုယ်.......ငယ်ငယ်တုန်းက မြန်မာပြည်မှာ အဘွားပြည်မှာ အဘွားနဲ့ နေကျန်ခဲ့ဘူးတယ်။ အဘွားက ကိုယ့်ကို ပုံပြင်တွေအများကြီးပြောခဲဘူးတယ်။ လနတ်သမီးပုံပြင်တွေ၊ ရွှေယုန်နဲ့ ရွှေကျားသက်ကယ်ရိတ်သွားတဲ့ပုံပြင်တွေ။ ရှင်မွေးနွန်းနဲ့ မင်နန္ဒာပုံပြင်တွေ ပြောဖူးခဲ့တယ်။ ပြီးတော့ အနော်ရထာ၊ ကျန်စစ်သား၊ အလောင်းဘုရား၊ ဘုရင့်နောင်စတဲ့ သူရဲကောင်းဘုရင်တွေအကြောင်းလည်း ပြောဖူးတယ်။

Let Me!Be Your Song (Completed)Where stories live. Discover now