Ch.9.(Uni+Zaw)

296 19 0
                                    

မိုးသက်ပိုင် Pov;
-----------------------

         လွမ်းရယ်..... မင်းရဲ့ အသံလေးကသိပ်ချိုတာပဲနော် ယောကျ်ားလေးဖြစ်ပြီး ဘာလို့အသံလေးက စူးနင့်နေရတာလဲ။ ရုပ်ရည်လေးကလည်းသန့်ပြန့်လိုက်တာ။ အသားဖြူဖြူ ပိန်ပိန်သွယ်သွယ်လေး နှာတံချွန်ချွန်၊ ပုံမှန်ယောက်ျားလေးတွေထက် အနည်းငယ်ပိုရှည်ဟန်ရှိ ခပ်အုပ်အုပ်ဆံပင်လေးနဲ့ မျက်နှာသေးသေးလေးနဲ့သိပ်ကိုချစ်ရာကောင်းပြီး လှနေပါလား။

      လွမ်းဆိုတဲ့ သီချင်းလေးက ကိုယ့်ရင်ကိုထိခိုက်နာကျင်စေပါတယ်။ လွမ်းရာ......ကိုယ့်ကိုမျှော်လင့်စောင့်စားနေတဲ့ အနေနဲ့ ဒီသီချင်းကိုဆိုနေတယ်တဲ့လား။ ကိုယ်လာရကျိုးနပ်ပါပြီ။ မင်းအတွက်လည်း ကိုယ်ဂုဏ်ယူပါတယ်။ လွမ်း အဆိုတော်ဖြစ်ပြီလေ။ လူတွေရဲ့ စိတ်နှလုံးကို အပန်းဖြေရွှင်လန်းစေနိုင်တဲ့ တေးသီချင်းတွေကို လွမ်းဆိုနိုင်ခဲ့ပြီပဲ။ လူတစ်ကာ တန်ဖိုးထားလေးစားရတဲ့ အနုပညာရှင်တစ်ဖြစ်ဖို့ပဲ လိုတော့တယ်။ အခွင့်အရေးရခဲ့ရင် အနုပညာစင်မြင့်ပေါ် ကိုယ်တင်ပေးချင်ခဲ့ပါတယ်။ ကိုယ့်အတွက် အချိန်တွေဟာ သိပ်နည်းနေပြီ။

           အဲ့ဒီနည်းပါးတဲ့ အချိန်တွေထဲကနေ လွမ်းအတွက် ကိုယ်လုပ်ပေးခွင့်ရပါစေလို့ မျှော်လင့်နေမိတယ်။ လွမ်းအလှည့်ပြီးသွားတော့ အန်ကယ် ဦးသူနိုင် ကို အကူအညီတောင်းပြီး လွမ်းကိုသီချင်းနှစ်ပုဒ် request လုပ်ခဲ့တယ်။ တစ်ပုဒ်က မြန်မာသီချင်း၊ ကိုင်ဇာရဲ့ "တစ်သက်လုံးပဲ သတိရနေမယ်” ဆိုတဲ့ သီချင်း။တစ်ပုဒ်က "Right Here Waiting ” တဲ့။

(A.N.ကိုင်ဇာရဲ့သီချင်းလေးကို Youtubeမှာရှာမတွေ့လို့မထည့်ပေးဖြစ်တော့ဘူး စာဖတ်သူတို့ ကိုယ်တိုင်ရှာပြီးနာထောင်ကြည့်ပါ တကယ့်ကိုအနှစ်သာရပြည့်ရဝတဲ့သီချင်းလေးပါ)

"မိုးသို့တမ်းချင်း ”သီချင်းဆိုတော့ အဝါရောင်ပန်းစည်းလေးလာချိတ်ပေးတဲ့ ကိုယ့်ကို  မင်း အသေအချာ ဂရုတစိုက်ကြည့်ပြီး ပြုံးပြခဲ့တယ်နော်။

    အခု "တစ်သက်လုံးပဲ သတိရနေမယ်” ဆိုတဲ့ သီချင်းဆိုတော့ လွမ်း....ကိုယ့်ကိုငေးစိုက်ကြည့်ပြီးဆိုနေတယ်။ လွမ်းစိတ်ထဲ ဘလိုခံစားပြီး ဆိုနေရသလဲသလဲဆိုတာ၊ ကိုယ် ရိပ် မိပါတယ်။ ဒီတခါ လေယဥ်ပျံစီးနေတဲ့ဝက်ဝံရုပ်လေးဆုချပြန်တော့ လွမ်းကိုယ့်ကို အသေအချာစူးစိုက်ပြီးကြည့်နေပြန်တယ်။

Let Me!Be Your Song (Completed)Where stories live. Discover now