Part 1

7.8K 471 2
                                    

"ဟိုလေးရေ  ထတော့ မနက်မိုးလင်းပြီ''

မနက်စောစောထ အိမ်သန့်ရှင်းရေးလုပ် မနက်စာချက်အပြီး သားလေးကိုနိုးရသည် ထိုပိစိလေးက အိပ်ပုပ်လေးပါဆို...

"ဟိုလေးရေ ထတော့လို့ Appaနဲ့ဆိုင်မလိုက်တော့ဘူးလား..တီတီနဲ့နေခဲ့မို့လား''
ထိုအခါမှ ဆတ်ခနဲထလာကာ..

"တီ''နဲ့နေခဲ့ဘူး..Appaနဲ့ပဲဆိုင်လိုက်သွားမယ်

တီ''နဲ့ရန်ဖြစ်ထားတာ..''တဲ့လေ..

မနေ့က ဖုန်းဆော့ချင်လို့ဆိုပြီး ဂျီကျနေတာကို သူ့တီတီက ပေးမဆော့လို့ထင်သည်.. ထိုကောင်လေးက ဒါကိုနေ့ကူးသွားတာတောင် မမေ့ဘဲစိတ်ကောက်နေသေး၏..

တင်းတောင်~~

"အော..ဆူယောင်း ရောက်ပြီလား လာ...''

ကျွန်တော့်ဝမ်းကွဲညီမ ဟိုလေးရဲ့တီ''ဆိုတာပေါ့  ဟိုလေးကို မ​ကြာခဏလာကြည့်ပေးပြီး အဖော်လုပ်ပေးနေကျ  ကျွန်တော့်မှာ ဆူယောင်းရှိနေ​သေးလို့ပေါ့ ဟိုလေးကို ကိုယ်ဝန်စဆောင်ကတည်းက အစစအရာရာလိုက်လုပ်ပေးပြီး အနားမှာရှိနေပေးခဲ့တာ...ကျွန်တော်တို့သားအဖနှစ်ယောက်အတွက် ကျေးဇူးရှင်လေးပါ...

SY "ထယ်ယောင်းရေ..ငါ့ကောက်စိန်လေးကော ထပြီလား..''

"ခုဏလေးတင်သွားနိုးလာတာ အခန်းထဲကနေထွက်မလာသေးဘူး ဒီအိပ်ပုပ်လေးတော့..ထပ်သွားနိုးအုံးမှ..''

SY "နေနေ...ငါပဲသွားနိုးမယ် ဆိုင်သွားရအုံးမှာမလား မနက်စာပဲပြင်ထားလိုက်''

"ဟုတ်ပါပြီ ဟိုလေးက စိတ်ကောက်နေတာ သွားချော့လိုက်အုံး..''

ဆူယောင်းဝင်သွားပြီးခဏအကြာတော့ နှစ်ယောက်သားစနောက်ကြရင်း ပြေးထွက်လာကြသည် စိတ်ကောက်တာလည်း ခဏလေးပဲ ဒီနှစ်ယောက်က တည့်ကိုတည့်နိုင်လွန်းတာ...

"Appaဆိုင်သွားတော့မယ်နော..ဟိုလေးကတီ''နဲ့
နေခဲ့မယ်ဆိုတော့လည်း..လိမ်''မာ''နေ ဟုတ်ပြီလား..''

"ဟုတ်ကဲ့ပါ Appaရဲ့.. အာ..ဘွားး..''

"အာ..ဘွား..''

SY ''ဂရုစိုက်သွား..''

"အင်..''

သားလေးနဲ့ ဆူယောင်းကို နှုတ်ဆက်ခဲ့ရင်း ဆိုင်ကိုဦးတည်လျှက်...

The Only One  [zawgyi+unicode]Where stories live. Discover now