Part 15

4.4K 314 7
                                    


မနက်ကို ထယ်က ကော်ဖီဖျော်တိုက်တော့ ထိုင်သောက်နေရင်း ကျွန်တော့်ချစ်ရသူကို ငေးကြည့်နေရတာမို့ ဒီမနက်ခင်းလေးလည်း လှပနေပြန်ရော...

"ဂျွန်ကလည်း...အေးကုန်တော့မှာပဲ ထယ့်ကိုပဲ ကြည့်မ​နေနဲ့...''

အကြည့်မလွှဲပဲ အနားပိုတိုးကာ...

"ထယ်...ကလေးလေး မရသေးဘူးလား...
ကိုယ်တို့ ပိုကြိုးစားဖို့လိုသေးတယ်ထင်တယ်...''

"စောစောစီးစီး လာပြန်ပြီနော...ဂျွန်...''

"ဟုတ်တယ်လေ...ပြီးတော့ဟိုလေးကို လည်တဲ့ရက်တုန်းမေးကြည့်တော့ ဟိုလေးကလည်း ကလေးလေးထိန်းချင်ပြီး သူကအကိုဖြစ်ချင်နေပြီတဲ့...''

ရှေ့က အပီအပြင်ပြောနေတဲ့ ဂျွန့်နဖူးကို တစ်ချက် တောက်လိုက်ပြီး..

"အာမနေနဲ့...ထယ်ဘေးမှာတစ်ချိန်လုံးရှိနေတာ
ဘယ်တုန်းက ပြောကြတာလဲနော...
တကယ်ပဲ သူလုပ်ချင်နေတိုင်း အကြောင်းပြချက်တွေ ရှာရှာပြီး ပြောတော့တာပဲ...''

"ထယ်ကသိသားပဲ...''

"ဟား...တွေ့လား...အေး..အဲ့လိုပဲလုပ်နေ တကယ်ညစာငတ်အောင် ထားလိုက်မှာနော...''
(ညစာကနေ မထွက်နိုင်တော့လို့🤣)

"မရပါဘူး...ကိုယ်က ကလေးလေးမရမချင်း ထယ့်ကို လုပ်မှာ...''

"နှာဘူး...''

"ဘူးဘူးပဲ...''

မနက်စောစောစီးစီး သူတို့ပြောချင်ရာ​ပြောနေကြတာကို အနောက်ကနေ တစ်ယောက်သောသူကရပ်ကြည့်နေသည်ကိုတော့ မသိကြ...

YG"အဟွတ်...အဟွတ်...အင်း...''

အနောက်ကအသံကြား​တော့ ကျွန်တော်တို့နှစ်​ယောက်လုံးလှည့်ကြည့်လိုက်တော့...
ဆံပင်ဖွာဖွာနဲ့ မှေးစင်းနေတဲ့မျက်လုံးက အနည်းငယ်ဖူးရောင်နေကာ ဟိုဘက်ကြည့်ဒီဘက်ကြည့်လုပ်နေသည့် Yoongiကိုတွေ့လိုက်ရသည်...

ထယ်က ရှက်သွားပြီး အရှေ့ပြန်လှည့်ကာ ကျွန်တော့်ပေါင်ကို စိတ်လိုက်ပြီး...နှစ်ယောက်ကြားနိုင်သော အသံဖြင့်...

"အ့''

"ကြားကုန်ပြီလားမသိ...အ့တာဂျွန်ကြောင့်...''

The Only One  [zawgyi+unicode]Where stories live. Discover now