Part 21

4.7K 290 4
                                    

ဂျွန့်ဆီက ထွက်လာပြီး ကားထဲကို ဝင်ကာ ရှိုက်ကြီးတငင် အော်ငိုပစ်လိုက်သည်...

ဂျွန်ရယ်...ဘာလို့ထယ့်ကို မဆွဲထားတာလဲ...
ထယ်ပြောခဲ့သားပဲ...ဂျွန့်နေရာမှာ ဘယ်သူ့ကိုမှအစားမထိုးပါဘူးလို့...ထယ် ဟိုလေးကို ပြန်သွားခေါ်ပြီး သူ့ဆီကနေ ထွက်ပြေးဖို့လုပ်မှာ...ထယ့်ဘဝကို ဂျွန်ကလွှဲပြီး တခြားဘယ်သူနဲ့မှ မဖြတ်သန်းနိုင်ဘူး...ဂျွန်မပါပဲနဲ့ ထယ်ဟိုလေးနဲ့နှစ်ယောက်တည်း ရှင်သန်နိုင်အောင် ကြိုးစားရမယ်

ဟိုလေး ထယ့်ကိုစောင့်နေမှာ...ဟိုလေးကြောက်များကြောက်နေမလားတောင်မသိဘူး...

မျက်ရည်တွေကြောင့် ဝိုးတိုးဝါးတားဖြစ်နေတဲ့ ရှေ့က ကားလမ်းကို သေချာကြည့်မောင်းနေတုန်း...

*ကျွီး.....*

ကားရှေ့ကို ပိတ်ရပ်ချလာတဲ့ ကားအမဲရောင်တစ်စီး...
ရုတ်တရက်မို့ ဘရိတ်အုတ်လိုက်တဲ့ အရှိန်​ကြောင့် ခေါင်းကအရှေ့ကို စောင့်ချမိတော့...

"အာ့...''

မူးနှောက်သွားတဲ့ ခေါင်းကို လက်နဲ့ အသာဖိကိုင်နေတုန်း...ကားတံခါးပွင့်လာ​ပြီး...အပြင်ဆီကို ဆွဲဆောင့်ခေါ်ထုတ်​ခြင်း ခံလိုက်ရသည်...

တစ်ဆက်တည်း...နှာခေါင်းနား တစ်ခုခုနဲ့ ပိတ်ဆို့ခြင်းခံလိုက်​ရပြီး တစ်ကိုယ်လုံးမြောက်တက်သွားကာ...အမြင်အာရုံတို့ မှေးမှိန်လာပြီး...
မှောင်မဲခြင်းအတိဆီသို့...

*****

အရှိန်ပြင်းပြင်းနဲ့ ကား​မောင်းဝင်လာပြီး အိမ်ထဲကိုချက်ချင်းဝင်လိုက်ကာ...

"Kim Song Ji ခင်ဗျား ထွက်လာခဲ့...!''

အသံကြားတာနဲ့ ထွက်ပေါ်လာကာ စိုးရိမ်ပူပန်နေကာ ဒေါသတကြီး ဖြစ်နေသည့် သူက...

"Jeon Jungkook! မင်းငါ့သမီးကို ဘာလုပ်လိုက်တာလဲ...မင်းလက်ချက်မလား...!မင်းဖမ်းထားတာမလား...!''

ကျွန်တော့်အကျ...စကို ဆွဲကိုင်လာကာ...​ပြောနေတာကို ခဏအံ့သြနေမိပြီး...

"ခင်ဗျားကိုသာ ပြောရမှာ...ထယ်ဘယ်မှာလဲ...ဟမ်း..!''

"ဟုတ်ပြီ...ငါမှားပါတယ်...ငါသူ့ကို အဲ့လိုအကြံပေးလိုက်လို့ သူကလုပ်လိုက်တာ...ထယ်ယောင်းတစ်ခုခုဖြစ်နေတယ်ဆိုရင် ငါကတောင်းပန်ပါတယ်...ငါ့သမီး...ငါ့သမီးကိုတော့ လွှတ်ပေးပါ...''

The Only One  [zawgyi+unicode]Where stories live. Discover now