Part 5

5.5K 339 3
                                    

ကျွန်တော်နဲ့ဂျွန့် လက်ထပ်ပွဲက နောက်အပတ်ဆိုရောက်ပြီ...အခုကတည်းကကြိုရင်ခုန်နေမိတယ်
ဖိတ်စာလိုက်ဝေကြမယ်ဆိုတော့ ဂျွန်ကအလုပ်မပြီးသေး၍မအားသေး..အလုပ်ပြီးရင်တန်းလာခဲ့မယ်ဆိုပြီး ခဏစောင့်ခိုင်းထားသော်လည်း..ကျွန်တော့်အသိတချို့ကို အရင်လိုက်ဝေလိုက်သည်...

ဂျီမင်..ဂျီမင်ကတော့ မဖိတ်မဖြစ် ဖိတ်ရမဲ့သူပေါ့
ဂျီမင်ကို ဘာမှမပြောပြဖြစ်...လက်တွဲဖော်ရှာကြည့်ပါဆိုပြီး..ခဏခဏပြောနေတဲ့သူကို စပရိုက်တိုက်ပစ်မလို့...

"ဂျီမင်...''

"ဟော..ထယ်ယောင်း..ငါပြန်ရောက်''ချင်း..ဆိုင်ကိုတန်းလာတာ..မင်းမရှိလို့ ဖျားများဖျားပြီး အိမ်မှာနားနေတာလားလို့...''

"ဟား..မဟုတ်ပါဘူး..ဒါနဲ့ဟိုမှာပျော်ခဲ့ရဲ့လား..''

"ပျော်ဖို့နေနေသာသာ..Appaကသူ့သူငယ်ချင်းသမီးနဲ့ ပေးစားဖို့လုပ်နေတာ..မနည်းရှောင်ခဲ့ရပြီး
မနေချင်တော့လို့ အမြန်ပြန်လာတာ..''

"ဟား..ဟား..ဖြစ်ရလေ..Park Jiminရေ...
မင်းအဖေလုပ်သင့်တာပါပဲ မင်းကဒီအသက်အရွယ်တောင်ရှိနေပြီ ရည်းစားကလည်းမရှိတော့ မင်းအဖေက အိမ်ထောင်ဖက်ရှာပေးတာ မဆန်းပါဘူး..မင်းယူသင့်နေပြီ..''

ဟုတ်ပ့ ကျွန်တော်ချစ်ရတဲ့သူနဲ့ လက်ထပ်ပြီး အတူတူပျော်''ရွှင်''နေရမဲ့အချိန်ဖြစ်ရမှာ..ကျွန်တော့်အတွက်က ဒီအသက်အရွယ်နဲ့ ရည်းစားမရှိတာမဆန်းပါဘူး..ဘာလို့လဲဆိုရင် ကျွန်တော်
ထယ့်ကိုပဲ စောင့်နေတာလေ..ကျွန်တော်ထယ့်ကိုပဲ ပိုင်ဆိုင်ချင်တာ...

ကျွန်တော့်ခံစားချက်တွေဖွင့်ပြောပြရမဲ့ အချိန်ရောက်ပြီလား...ထယ်ကလက်ခံပါ့မလား...ကျွန်တော်ယုံကြည်ချက်သိပ်မရှိပေမဲ့...ထယ်ကျွန်တော့်ကို လက်မခံဘူးလို့တော့ ပြောလို့မရသေးဘူးမလား..ကျွန်တော်ထယ့်ဆီက ကျွန်တော့်အပေါ်ဘယ်လိုစိတ်ရှိလဲဆိုတာ ကျွန်တော်သိချင်တယ်...

"ဟုတ်သားပဲ...ငါတောင်လက်ထပ်ရမဲ့အရွယ် ရောက်နေပြီ...ငါတို့လက်ထပ်ကြတော့မလား..''

"ဟမ်း...''

"အော...ငါတို့ ချစ်ရတဲ့သူတွေရှာပြီး လက်ထပ်ကြတော့ရင် ကောင်းမလားလို့ပြောတာ...''

The Only One  [zawgyi+unicode]Where stories live. Discover now