Final

6.7K 293 12
                                    

"လာ...ဂျီဂျီလေး...ကိုကိုနဲ့ ဆော့ကြမယ်...''

ဖြူဖြူလုံးလုံး ဂျီမင့်သားလေးက ဟိုလေးခေါ်တော့ တန်းထိုင်ချလေသည်...

"ကိုကိုနဲ့ ကျောက်တုံး စက္ကူ ကတ်ကြေးဆော့ကြမယ်...ဆော့တတ်တယ်မလား...''

"အွမ်...''

"ဟုတ်ပြီ...ကိုကိုနိုင်ရင်...ကိုကိုက ဂျီဂျီလေးကို အာဘွားပေးမယ်...''

"ဂျီဂျီနိုင်ရင်ကော...''

ချစ်စရာကောင်းလွန်းလှတဲ့ ဂျီဂျီရဲ့ပါးကို ဟိုလေးက ထိကိုင်လိုက်ကာ...

"ချစ်စရာလေး...''

"ဟိ..ဟိ...''

"ဂျီဂျီနိုင်ရင် ဂျီဂျီက ကိုကို့ကို အာဘွားပေး...''

"အင်း...ဆော့မယ်...''

JM''ဟား...မင်းတို့သားက ငါ့သားကို အသားယူနေတာပဲ...''

"ထားလိုက်ပါ...ကလေးတွေပဲဟာကို...''

*မွ...*

ပြောနေရင်း ဟိုလေးကနိုင်သွားလို့ထင်...
ဂျီဂျီ့မျက်နှာကို ဆွဲကိုင်ကာ...ပါးလုံးလုံးလေး နစ်ဝင်သွားသည်ထိ အာဘွားပေးလိုက်လေသည်

JM''ကြည့်...တကယ်...မရပါဘူး...ငါ့သားကို မင်းတို့သားက တာဝန်ယူရမယ်...ဒါပဲ...''

ဂျီမင့်စကားကြောင့်...ကျွန်တော်တို့ သဘောကျစွာ ရီလိုက်ကြပြီး...

"ကြီးလာလို့ သူတို့တစ်ယောက်ကို တစ်ယောက်ချစ်ကြရင် လက်ထပ်ပေးကြတာ​ပေါ့...''

JM''ပြီးရော...အဲ့ဆိုလဲ...''

Tan''လေးနဲ့သာ ဆော့နေရတဲ့ ဂျယ်ယွန်းကို ကြည့်ပြီး...

"ဟိုလေးရေ...ဟိုလေး...''

"ဘာလဲ...Appa...''

"ညီမလေးကို ခေါ်ဆော့လေ...''

"ပြီးမှ ခေါ်ဆော့မယ်...တခြားကစားနည်းကျမှ''

"မဆော့ချင်ပါဘူး...Oppaတို့က ဘာတွေဆော့နေကြမှန်းမသိ...ထယ်ထယ်နဲ့ ကူးလေးကိုပဲ ကြည့်တာမှဟုတ်သေး...''

သမီးကပြောရင်း...ကျွန်တော်တို့ဘေးက တွန်းလှည်းလေးထဲမှာ အိပ်မောကျနေတဲ့ အမွှာလေးနှစ်ယောက်ကို လာကြည့်နေလေသည်...

The Only One  [zawgyi+unicode]Where stories live. Discover now