ဂျွန့်အနားမှာပဲနေပြီး ဂျွန်စိတ်ပြေအောင် လုပ်ရမယ်ဆိုပေမယ့် ဟိုလေးကို ပြန်ခေါ်ရအုံးမယ်မလား...
နာရီကိုကြည့်လိုက်တော့...9နာရီတောင်ထိုးတော့မည်...
ကားမောင်းနေရင်း ဆိုင်ဖုန်းကို ဆက်မယ်လုပ်တော့...
ဟင်း...ဖုန်းကကော...မဟုတ်မှ ဟိုလူရဲ့အခန်းထဲမှာ ကျကျန်ခဲ့တာလား...ကျစ်...ကားကိုအမြန်မောင်းကာ ဆိုင်ရောက်တော့...
"Hyung..''
"အင်း...ဟိုလေးကော...''
ငိုတော့မလိုနဲ့ ကြည့်လာကြပြီး...
"ဟို..ဟိုလေး...ပျောက်သွားလို့...ဟိုးခုဏက ခဏလေးပဲ လူများနေတာနဲ့ ဘယ်ကို ပျောက်သွားမှန်းမသိဘူး...ဒီအနီးအနားရှာကြည့်တာလည်း မတွေ့လို့...ကျွန်တော်တို့တောင်းပန်ပါတယ်...Hyungကို ဖုန်းဆက်လို့လည်း မရဘူး...''
"ဟို...ဟိုလေးပျောက်သွားတယ်.. ?
ဘယ်သူကလာခေါ်မှာမို့လဲ...''မူးနှောက်လာတဲ့ ခေါင်းကို ဖိကိုင်ပြီး...အတွေးတို့က ဟိုလူခေါ်သွားတာလား...
*ကလင်း...ကလင်း...ကလင်း...ကလင်း...*
"Hello...
ဟုတ် ရှိပါတယ်...''"Hyung...စကားပြောချင်လို့တဲ့...''
ကိုင်လိုက်တော့...
"ထယ်ရေ...''
"ခင်ဗျား...ဟိုလေးကို ခေါ်သွားတာလား...ဟမ်း!''
"ဟား...စိတ်လျော့ပါအုံး...ဟုတ်တယ်...ဟိုလေးအခုကိုယ့်ဆီမှာ...ထယ်လည်း လိုက်လာတော့လေ...ကိုယ်ထပ်မစောင့်ချင်တော့ဘူး...''
"ခင်ဗျားသိပ်ယုတ်မာတာပဲ...ဒီလောက်ထိလုပ်ရမှဖြစ်မှာလား...''
ငိုသံတွေ စွက်ပါနေတာကြောင့်...
"ငိုနေတာလား...ထယ်...ကိုယ်သားလေးကို ဘာမှမလုပ်ပါဘူး...ကိုယ်ကချစ်လို့ အမြန်ဆုံးအနားကိုခေါ်ထားဖို့လုပ်တာ...မင်းကြာနေရင်တော့ တစ်ယောက်''ကို ထိခိုက်အောင် လုပ်ရလိမ့်မယ်
မင်းသိပ်ချစ်ရပါတယ်ဆိုတဲ့ Jeon Jungkook
ကိုလေ...''"Ok ဒါကိုအဆုံးသတ်ကြတာပေါ့...ငါလာခဲ့မယ်...''
"မကြာစေနဲ့...ထယ်...''
YOU ARE READING
The Only One [zawgyi+unicode]
Fanfiction"တစ်ယောက်တည်းကိုပဲ ရူးရူးမူးမူးချစ်မိတာမို့ နာကျင်မှုဖြစ်စေ...ကြင်နာမှုဖြစ်စေ အကုန်ကျေ''နပ်'' လက်ခံတယ်... ကိုယ့်ရဲ့ တစ်ဦးတည်းသော လူသားဆီကမို့လို့.....'' "ကိုယ့်အနားကို ဆွဲခေါ်ထားမိပြီး အများကြီးနာကျင်စေမိခဲ့လို့ ကိုယ့်ကိုခွင့်မလွှတ်ပါနဲ့... တစ်ဘဝလ...