Part 2

5.7K 393 9
                                    

phone ringtone*

ဟာကွာ...မနက်စော''စီး''ဘယ်သူဖုန်းဆက်တာလဲ..ဖုန်းကိုလက်ဖြင့်စမ်း၍ကောက်ကိုင်ကြည့်လိုက်တော့
*calling from Grandpa*

"Hello''

"ဟဲ့.. နေဖင်ထိုးနေပြီလေ ခုထိမထသေးဘူးတဲ့လား..အောင်မြင်နေအုံးမယ်ဟေ့''

"အဖိုးကလည်း ဘာပြောမလို့ အစောကြီးဖုန်းဆက်တာလဲ ဒီရက်ကအလုပ်နား​ရက်လေ ကျွန်တော်ထချင်တဲ့ချိန်ထမှာပေါ့ ဘာဖြစ်လဲ''

"ဒီကောင်လေးကတော့..
အဖိုးအရေးတကြီးပြောစရာရှိလို့ မင်းအခုအသက်ဘယ်လောက်ရှိနေပြီလဲ..ဟမ်း''

"26နှစ်လေ..''

"အေ အချိန်တန်ပြီ..''

"ဘာကိုလဲ...''

"မင်းအိမ်ထောင်ဖက် သွားတွေ့ချည်..ဒီညနေ''

"အဖိုး..ကျ.''

"ငြင်းမယ်မလုပ်နဲ့ ငါကတွေ့ဆိုတွေ့လိုက် မင်းသဘောကျလောက်မှာပါ မင်းအမေကလက်မခံချင်ဘူးဆိုပေမဲ့ ငါကတွေ့ကိုတွေ့ခိုင်းမှာမို့ သွားတွေ့ချည် ပြီးမှ ငြင်းချင်ငြင်း..''

အမေကလက်မခံဘူးတဲ့လား...ဘယ်သူမို့လဲ
အဘိုးကလည်းအတင်းတွေ့ခိုင်းနေတာ အရင်ကကြင်ဖက်တွေ့မဲ့ကိစ္စ ခဏခဏငြင်းဖူးပေးမဲ့ ဒီတစ်ခေါက်ကျ စကားတောင်အစမချီခိုင်းတာ ဒီတစ်ယောက်ကတော်ရုံတန်ရုံမဟုတ်တာလား.. အမေကလက်မခံဘူးဆိုတာကြောင့် ပိုစိတ်ဝင်စားတယ် ဘာပဲဖြစ်''တွေ့ကြည့်တာပေါ့လေ...

"ဟုတ်ပါပြီ ကျွန်တော်သွားတွေ့လိုက်ပါ့​မယ်''

"အေ..ကောင်း''ဆုံးဖြတ်နိုင်ပါစေ...မဟုတ်ရင် မင်းငါနဲ့တွေ့မယ်''

ဘာလား..အဖိုးကတွေ့ပြီးရင် ငြင်းချင်ငြင်းဆို
ဘာကို ကောင်း''ဆုံးဖြတ်ရမှာ...
ဟင့်..ဘာရယ်မဟုတ် အဘိုးကြောင့် အခုကတည်းကတောင် တွေ့ချင်နေပြီ...

*****

ဒီနေ့ဆိုင် လူပိုများသည် တစ်​မနက်လုံးထိုင်တောင်မထိုင်ရ..အရင်ရက်တွေထက်ပင်ပန်းပေမဲ့ စားသုံးသူများတော့ တမျိုးပျော်ရ၏..နေ့လည်ထမင်းစားမယ်လုပ်တော့ စားသုံးသူထပ်ဝင်လာသည်..

JM "နေ့လည်ထမင်းစားချိန်မို့ပါဗျ...ခဏနေမှပြန်လာပေးလို့ရမလား..''

The Only One  [zawgyi+unicode]Where stories live. Discover now