Part 26

4.1K 247 7
                                    

ပျင်းလိုက်တာဟာ...တစ်ခုခုလိုနေသလိုကြီး...
ပြီးတော့ တစ်စုံတစ်ရာကို ဆုံးရှုံးနေရတဲ့ခံစားချက်ကောရနေတယ်...ဝမ်းနည်းတယ်...

ဟူး....
ထယ်ယောင်းတို့ဆီသွားလည်ရင်ကောင်းမလား...

*Phone ringtone*
Incoming from Appa😐

"Hello...''

"မင်းပြန်မလာတော့ဘူးလား...ဟမ်း...''

"မပြန်ချင်သေးဘူး...''

"မင်းငါ့ကိုမျက်နှာပျက်အောင်ပဲ လုပ်နေတာနော...''

"ဘာ..ဘာလုပ်နေလို့လဲ...''

"မင်း..သားလေးYoongiကို သဘောတွေ့လား
မတွေ့ဘူးလား..ပြော...''

"Appaကလည်း...ဘာတွေမေး..''

"အေး...မင်းမကြိုက်ဘူးမလား...
သူတို့လည်း အဲ့ကိစ္စကို ဆက်မပြောတော့ပါဘူး...Yoongiကသူလက်ထပ်ရမဲ့သူကိုတွေ့ပြီတဲ့...နောက်ပတ်ကျရင် ကြိုစေ့စပ်​ထားမယ်ပြောတယ်...ပျော်သွားပြီလား...ဟမ်း...ဒါမဲ့ ငါကတော့မင်းကို တခြားလူထပ်တွေ့ခိုင်းအုံးမှာပဲ...
ပတ်ဂျီမင်...''

"......''

"ဂျီမင်...''

"ဟုတ်...''

"အပျော်လွန်သွားတာလား...
ဒါပဲ ပြီးမှ ငါပြန်လာပြီး မင်းကိုတင်းကျပ်ပစ်အုံးမှာ...''

Appaက ဖုန်းချပြီးတာတောင် ကျွန်တော့်မှာတော့ ဖုန်းကိုလက်ကမချဘဲ...ကြောင်ရပ်နေမိတုန်း...ဘာလို့...ဘာလို့ ငိုချင်နေရတာလဲ...

"အင့်...အဟင့်...အစုတ်ပလုတ်ကြီး...​ပြောတော့ ချစ်လို့ အပိုင်ရအောင်ယူမှာတဲ့...အခုကျတော့...
ဟင့်...အီးဟီး....''

ငိုချလိုက်ပြီးနောက် တစ်စတစ်စပြန်မြင်ယောင်နေမိသည့် ကျွန်တော်နဲ့ အိမ်မှာအတူတူနေခဲ့တုန်းက လူကြီးရဲ့ ပုံရိပ်တွေ...

အပေါ် ကိုပြေးတက်ပြီး အိပ်ခန်းထဲဝင် အိပ်ယာထက် ပစ်လဲကာ မျက်ရည်တွေကို လွတ်လပ်စွာ စီးကျခွင့်ပေးလိုက်သည်...

အင်း...အဲ့လူကြီးကို ချစ်နေမိခဲ့တာ...အနားမှာရှိတုန်းက မုန်းတီးနေမိခဲ့ပြီး အချစ်တွေလည်း ဖြစ်တည်နေခဲ့တာကို ကိုယ်တိုင်တောင်မသိခဲ့လိုက်တာ...နည်းနည်းလေး ပြောပြီးနှင်တာနဲ့ ရအောင်အပိုင်သိမ်းပစ်မယ်ဆိုတဲ့ သူက ချက်ချင်း​အပြီးပျောက်သွားရောတဲ့လား...

The Only One  [zawgyi+unicode]Where stories live. Discover now