Part 22

4.5K 252 4
                                    

ဆေးပိုက်တွေတန်းလန်းနဲ့ ​အောက်ဆီဂျင်ပေးထားနေရကာ နွမ်းလျစွာ လဲနေရတဲ့ ချစ်ရသူအနားကိုသွားပြီး...
လက်လေးကို အသာကိုင်လိုက်ရင်း...

"ဘယ်လောက်တောင် နာနေမလဲ...ဘာလို့ အဲ့လိုအပစ်ခံလိုက်ရတာလဲ...ဟင့်...
ထယ်လေ...ဂျွန့်ကိုအရမ်းချစ်တာ...သိတယ်မလား...မုန်းတယ်လို့ပြောခဲ့တာ...လုံးဝအမှန်မဟုတ်ပါဘူး...ထယ်ဂျွန့်ကို အရမ်းချစ်တာပဲဆိုပြီး တဖွဖွ​ပြောပစ်ချင်တယ်...အမြန်သတိရပါတော့လား...ထယ့်အသံကိုကြားနိုင်ရင် ကောင်းမှာပဲ...''

အခုကစပြီး ဂျွန့်အနားမှာပဲ နေမယ်...ကျွန်တော့် မျက်စိရှေ့မှာပဲ ထားတော့မှာ...ဘာအကြောင်းကြောင့်နဲ့မှ ဂျွန့်ကို မထားခဲ့တော့ဘူး...

အားနည်းစွာ လှဲလျောင်းနေတဲ့ ဂျွန်ကို ငေးကြည့်နေမိပြီး ရင်ထဲမှာ ဝမ်းနည်းနာကျင်ခြင်းမည်သည့် ခံစားချက်ကြီးလည်း ဖြစ်ပေါ်လာသည်...

ချစ်ရသူဘေးမှာ နောက်ထပ်တကြိမ် ငိုကြွေးနေမိခြင်း...ဒီလိုပုံစံကို မြင်နေရတော့ ရင်ကွဲမတတ်ကို ခံစားရတယ်...ဘာလို့ ဒီလောက်ထိ ရက်စက်ရတာလဲ ကံကြမ္မာကြီးရေ...အရမ်းမုန်းတာပဲ...

ဝဋ်ကြွေးတွေရှိခဲ့ရင် ဒီလောက်နဲ့ပဲကျေပါတော့...
ဂျွန်နဲ့အရင်လို ပြန်နေနိုင်ဖို့ ဂျွန်သတိပြန်ရလာဖို့ကိုပဲ နောက်ဆုံးမျှော်လင့်ချက်လေး ထားပါရစေ...ဒီမျှော်လင့်ချက်ကိုတော့ ထပ်ပြီးမဖျက်ဆီး
လိုက်ပါနဲ့...

ပင်ပန်းလွန်းလို့ မျက်လုံးတွေမှေးကျလာပြီး ချစ်ရတဲ့ဂျွန့်ဘေးမှာပဲ အိပ်မောကျနေမိသည်...ဂျွန်အရင်နေ့တွေကလို ဘေးမှာလိုက်ကလိနေပြီး ထယ့်ကိုနိုးရင်ကောင်းမှာပဲ...ပြီးတော့ လာမဲ့ညတိုင်းကို ​သဘောကျရတဲ့ရင်ခွင်ကျယ်ကြီးထဲမှာ အမြန်ခိုဝင်အနားယူချင်ပြီ...

*****

​နဖူးပေါ်ကအထိအတွေ့ကြောင့်...နိုးလာပြီး လက်နဲ့ကိုင်လိုက်ကာ...

"ဂျွန်...''

SY''ထယ်ယောင်း...ငါပါ...မနက်5နာရီလောက်မှ အိပ်တာဆို...နင်များဖျားနေမလားလို့...''

"ဘာမဖြစ်ပါဘူး.. နည်း''ပင်းပန်းရုံပဲ.. ဒါနဲ့ နင်ဘယ်လိုပြန်ရောက်လာတာ...''

The Only One  [zawgyi+unicode]Where stories live. Discover now