Part 8

4.2K 296 22
                                    

ထုံးစံအတိုင်း အဝတ်ကူလဲပေးရန် ပြောနေသည့်ဂျွန်...

"ထယ် ကိုယ် ဘယ်ဟာဝတ်သွားရမှာလဲ ဟမ်း...
ရွေးပေးအုံး...''

"အဲ့တာ...''

"ဟား...အဲ့တာက ဟိုတရက်မှ ဝတ်ထားတာလေ...''

"ကြည့်...ရွေးပေးတော့လဲ အဲ့လိုပြောနေတာ...
ကွကိုယ်ပဲရွေးတော့...''

"ထယ်ကလည်း...ထပ်ကြည့်ပေးအုံး...ထယ်ရွေးပေးတဲ့ဟာပဲ ဝတ်ချင်တာပေါ့လို့...''

ဒီနောက်ပိုင်း ကျွန်တော်ထယ့်ကို ကျွန်တော်လို့မထင်ရအောင် ချွဲနေမိသည်...ထယ်ကလည်း ခဏခဏစိတ်ဆိုးစိတ်ကောက်လိုက်နှင့် တစ်ယောက်ကိုတစ်ယောက်အချစ်စမ်းနေကြရသည်

"ဟိုဟာ...''

"အဲ့တာက...''

"တော်ပြီ...''

Companyနေ့တိုင်း သွားနေတာပဲကို အဲ့လောက်ထိ ပြင်ဆင်စရာလိုလားလို့....ဒီတိုင်းနေရင်တောင်
သဝန်တိုနေရတဲ့ရုပ်ပါဆို...ဂျွန်ကအရမ်းကို ခန့်ချောချင်နေတာ...အဲ့လိုတွေရှယ်ဝတ်သွား...ဟိုရောက်ရင် ကြည့်ကြမယ့်မျက်လုံးတွေ...ထိုးဖောက်မိတော့မယ်...

"ထယ်ကလည်း...''

စိတ်ဆိုးပြီး နောက်ကျောပေး လှည့်လိုက်တော့
အနောက်ကသိုင်းဖက်လာကာ ချွဲပြန်သည်...

မျက်စောင်းနှင့် တစ်ချက် လှမ်းကြည့်လိုက်ပြီး

"အဲ့လောက်တောင် ကြည့်ကောင်းချင်နေတာလား...''

"ဘာလဲ...ထယ်ကဒီခန့်ချောလေးကို မချစ်တော့ဘူးလား...''

"မချစ်တော့ဘူးပြောမိလို့လား...Companyလေးသွားတာပဲကို အဲ့လောက်ထိ ဝတ်စားစရာလား...
သူများတွေကြည့်ကြမှာပေါ့ ထယ်မကြိုက်ဘူး
အဲ့မျက်လုံးတွေကိုဖောက်ပစ်ချင်လောက်အောင်
မတရား​တွေချောမောချင်နေရင်လည်း ရွေးလေ..
အဲ့မှာ Companyမသွားဘဲ တစ်နေ့လုံးထိုင်ရွေးနေလိုက်...''

စိတ်တိုတိုနဲ့ တရစပ်ပြောချမိလိုက်တော့ အနောက်က ဂျွန့်ဆီမှ ဘာအသံမှပြန်မလာ....
ဟွန့်...စိတ်ကောက်နေတာမသိဘူးလား...
အော်လိုက်မိလို့ သူကပဲပြန်ကောက်သွားတာလား
အနောက်က လူကြီးကို မော့ကြည့်လိုက်တော့...

The Only One  [zawgyi+unicode]Where stories live. Discover now