Part 3

5.3K 388 14
                                    

"Jung Kook ထတော့..ထမင်းစားဖိတ်ထားတဲ့သူရှိတယ်..ခုထပြီး ရေချိုးအဝတ်အစားလဲချည်..''

"အဖိုး..ကျွန်တော်ဒီရက်ပိုင်းသိပ်အိပ်​မပျော်လို့ပါ..ထပြီး ပြင်ဆင်လိုက်ပါ့မယ် ဒါမဲ့ကျွန်တော်Companyသွားရမှာ..''

"မင်းမနက်ပိုင်းCompanyမသွားကြောင်း မင်းအတွင်းရေးမှူးကိုပြောလိုက်ပြီ မင်းCompanyမှာ​အရေးကြီးအလုပ်မရှိဘူးမလား..ဒီမနက်တော့အိမ်လာမဲ့သူကိုပဲ အဖော်လုပ်ပေး..''

"ဘယ်သူလာမှာမို့လဲ..အဖိုး..''

"Kim Tae Hyung..ကိုထမင်းစားဖိတ်ထားတယ်''

"ဗျာ...''

ထယ်လာမှာတဲ့လား...လွမ်းနေခဲ့တာ..
မတွေ့ဖြစ်တာလေးရက်တောင်ရှိပြီ...အခုအိမ်ကိုလာမယ်ဆို​​တော့ ဒီကJeon Jung Kookအပျော်လွန်နေပြီ...

"အဖိုးကလည်းစောစောပြောပါလား..ရောက်တော့မှာတဲ့လား...''

"နာရီဝက်နေမှပါ..မင်းကဘာအထွေအထူးပြင်ဆင်စရာရှိလို့လဲ..ရေချိုးအဝတ်အစားလဲပြီးဆင်းလာရုံပဲဟာကို..''

"အေလေ..အ့တာပဲလေ ကျွန်တော်ဘာမှမပြောပါဘူး..အ့ဆိုရေချိုးတော့မယ်..''

"ပြီးရင်ဆင်းလာခဲ့...''

"ဟုတ်ကဲ့ပါ..အဖိုး..''

အင်း..ဒီချိန်ဆိုရောက်ရတော့မှာမလား..လူကထယ့်ကိုတွေ့ချင်နေပြီမို့ ဂဏာမငြိမ်ချင်...
ထိုအချိန်တွင် အိမ်ရှေ့ကကားသံကြားတော့ ထယ်ရောက်လာပြီထင်သည်..အဖိုးနှင့်အိမ်ရှေ့ထွက်ကြိုတော့..
ထယ်..လာပြီ..

ဒါနဲ့ထယ်တစ်ယောက်တည်းမဟုတ်ပါလား
ထယ့်ဘေးမှာ ကောင်မလေးနဲ့ ကလေးလေးတစ်ယောက်ပါလာသည်...

"မြေးလေး..ရောက်လာပြီးပဲ..လာ..အထဲလာခဲ့..''

"ဟုတ်..အဖိုး..''

ထမင်းဝိုင်းထဲ ဝင်ထိုင်ကြပြီး မနက်စာစားနေတုန်း အဖိုးက

"​Kim Tae Hoလေးက..အဖေတူသားလေးပဲ..လူချောလေး..''

ထိုကလေးလေးက ဘေးကထယ့်ကိုမော့ကြည့်လျက်..

"ဟိုလေးက Appaနဲ့ရုပ်တူလို့လား..Appaကပိုချောတာပါ..''

ထိုအခါအဖိုး ထယ်နဲ့ထယ့်ဘေးကမိန်းကလေး သူတို့သုံးယောက်လုံးက ရီကြလျက်..
မရီမပြုံးနိုင်သည်မှာ..ကျွန်တော်...

The Only One  [zawgyi+unicode]Where stories live. Discover now