မျက်လုံးအနည်းငယ်ပြူးသွားကာ ကြောင်ကြည့်နေမိတော့...
"မင်းကိုယ့်ကို မှတ်မိမယ်မထင်ပါဘူး...''
"ဟို...ကျွန်တော့်ကိုသိလို့လား...အဲ့ဘက်က...''
"ကိုယ့်နာမည်က Choi Ju Hoonပါ...ကိုယ်ကတော့မင်းကို သိတာထက်ပိုပါတယ်...''
"ဟမ်း...''
"ခေါ်မထိုင်တော့ဘူးလား...ထိုင်ရင်းပြောကြမယ်လေ...''
"အော...ဟုတ်...ထိုင်ပါအုံး...''
ငါမသိတဲ့သူပါ...ဘာလို့ငါ့ကိုသိတယ်လို့ပြောတာပါလိမ့်...ထိုလူရှေ့ကခုံမှာ ဝင်ထိုင်လိုက်ပြီး...
"Sorryပါ ကျွန်တော်ကအသိမများတော့ တွေ့ဖူးခင်ဖူးသမျှကို အကုန်မှတ်မိသလောက်ရှိပါတယ်
ဟို..Choi Ju Hoonကိုတော့ လုံးလုံးမသိသလိုရှိနေလို့ပါ...''တစ်ချက်ပြုံးပြရင်းပြောတော့
"နားလည်ပါတယ်...ကိုယ်ဒီအချိန်မှ ပေါ်လာတာကို တောင်းပန်ပါတယ်...ဒါပေမဲ့ ကိုယ်ကြိုးစားမှာ ထယ့်ကိုပြန်ရအောင်...ပြီးတော့ သားလေးကိုရောပဲ...''
"ခင်ဗျား...ဘာတွေလာပြောနေတာလဲ...ကျွန်တော်ရှုပ်ကုန်ပြီ...ပြီးတော့ ကျွန်တော့်ကိုထယ်လို့မခေါ်ပါနဲ့...''
ဘာလို့မှန်းမသိ စိတ်ထဲကနေ တစ်ခုခုမကောင်းတာဖြစ်တော့မှာကို ကြိုခံစားမိသလိုလို...မောဟိုက်လာပြီး အသက်ရှူနှုန်းမြန်လာနေသည်...
"ထယ်...သားလေးက ကိုယ့်သွေးသားပဲ..ကိုယ်တို့မှားလို့ ရခဲ့တဲ့ကလေးဆိုပေမဲ့ ကိုယ်ချစ်တယ်
ပြီးတော့ အဲ့ညကတည်းက ထယ့်ကို ကိုယ်စွဲလမ်းပြီး ချစ်ခဲ့တာ...''"ခင်ဗျား...မဟုတ်တာတွေလာမပြောနဲ့...မဟုတ်ဘူး...''
"ထယ်...ကိုယ်မင်းကို လိုက်ရှာခဲ့သေးတယ်...ခြောက်နှစ်လုံးလုံး ထယ့်ကို ဘယ်နေ့ကမှမမေ့ခဲ့ဘူး...အခုထယ့်မှာဆိုင်သူရှိနေပြီးဆိုတာလည်း ကိုယ်သိတယ်...ဒါပေမဲ့...ထယ်...ကိုယ်ကမင်းကိုအရင်ပိုင်ခဲ့တာ...Jeon Jungkookမဟုတ်...''.
"တော်တော့... !ဆက်မပြောနဲ့...
ကျေးဇူးပြုပြီး ကျွန်တော်နဲ့ဟိုလေးကို ဒီတိုင်းလွှတ်ပေးလိုက်ပါလား...ခင်ဗျားရဲ့ဘဝသစ်ကိုစလိုက်ပါ...ရတယ်မလား...ဟင်း..''
YOU ARE READING
The Only One [zawgyi+unicode]
Fanfiction"တစ်ယောက်တည်းကိုပဲ ရူးရူးမူးမူးချစ်မိတာမို့ နာကျင်မှုဖြစ်စေ...ကြင်နာမှုဖြစ်စေ အကုန်ကျေ''နပ်'' လက်ခံတယ်... ကိုယ့်ရဲ့ တစ်ဦးတည်းသော လူသားဆီကမို့လို့.....'' "ကိုယ့်အနားကို ဆွဲခေါ်ထားမိပြီး အများကြီးနာကျင်စေမိခဲ့လို့ ကိုယ့်ကိုခွင့်မလွှတ်ပါနဲ့... တစ်ဘဝလ...