Part 18

3.5K 251 15
                                    


"ဂျွန်...ဟို...
ထယ်ရှင်းပြပါ့မယ်...''

"ထယ်...အောက်ကအုတ်ကြီးနဲ့လေ အေးနေတာကို ဘာလို့ ဖိနပ်မစီးထားတာလဲ...''

"ဟမ်း...''

​''ရော့...စီး...''

"အင်း...''

လက်ထဲကဖုန်းကို အမြန်ချလိုက်ပြီး ချ​ပေးကာ စီးခိုင်းသည့် ဖိနပ်ကိုစီးလိုက်သည်...ခုဏကအမြန်ပဲ လုပ်လိုက်တော့ ဖိနပ်တောင်မစီးပဲ ရေချိုးခန်းထဲဝင်လိုက်တာ အောက်ကအေးနေတာကိုတောင် သတိမထားမိ...

"ဖုန်းပြောနေတာလား...ဘယ်သူလဲ...''

"အော...ဖုန်းမှားဆက်တာတဲ့...''

"အော...နောက် ဒီလိုတွေမမေ့နဲ့...''

"အင်းပါ...''

"စောသေးတယ်...ရေအတူချိုးမလား...''

"အင်း...''

တော်သေးလို့...ဂျွန်ဘာမှမကြားလိုက်တာပေါ့...
စိတ်ညစ်ပါတယ်...အဲ့လူက ဟိုလေးနဲ့ပေးတွေ့ဖို့လုပ်နေတာ...ဘယ်လိုလုပ်ရမလဲ...
ကျစ်...ဘာပဲဖြစ်'' တွေ့ဖို့ ခေါ်သွားရမှာပဲ...
သူ့ကို ထပ်တောင်းဆိုကြည့်ရမယ်...သူလက်လျော့လာအောင် လုပ်ရမယ်...

*****

"ဂျွန်...ဒီညလာကြိုမှာလား...''

"ကိုယ်ဒီညနေအရေးကြီးmeetingရှိတယ်...ကိုယ့်ဘာကို ပြန်လိုက်နော...ရလား...''

"အင်း...ရတယ်...
အပြန်ဟိုလေးကိုပါ ဝင်ကြိုပြီး ညနေစာချက်စားချင်​တာပါ နည်းနည်းသွားဝယ်လိုက်မယ်...''

"ဟုတ်ပြီ...''

ဂျွန်အလုပ်များတယ်ဆိုလို့ပေါ့ မဟုတ်ရင် ဘာအကြောင်းပြပြီး ဂျွန်မပါပဲ ဟိုလေးနဲ့အပြင်ထွက်ဖို့ ပြောရမလဲဆိုပြီး ​ခက်နေတာ...
ဂျွန်...ထယ်ထပ်ပြီး တောင်းပန်ပါတယ်...ဘာလုပ်နေမိမှန်းမသိတော့ဘူး...ဂျွန်မသိပဲ ဒီကိစ္စကို အမြန်အဆုံးသတ်ကြည့်ချင်တယ်...

*****

"Appa...!''

အပြေးလာဖက်တဲ့ဟိုလေးက...

"Daddyမပါဘူးလား...''

သူ့Daddyကို တန်းမေးတာရယ်...

"Daddyအလုပ်များနေလို့...
Appaတို့အပြန် စျေးဝင်ဝယ်ပြီး ရေခဲမုန့်သွားစားကြမလား...''

The Only One  [zawgyi+unicode]Où les histoires vivent. Découvrez maintenant