Part 4

5.2K 361 9
                                    

ခပ်တည်တည်နဲ့ အပြုံးအရီမရှိတဲ့သူဆိုပဲ...
ခုကျွန်တော့်ရှေ့မှာ ကလေးလေးနှစ်ယောက်စနှောက်ကြလျက် အော်ဟစ်ရီနေကြ၏..
တစ်ယောက်က ကျွန်တော်ချစ်ရတဲ့ သားလေး
ကင်ထယ်ဟို...
နောက်တစ်ယောက်က ကျွန်တော်ထပ်ချစ်ရတဲ့
သူ...Jeon Jung Kook...

"ထယ်..ကျွန်တော်ဘာမှာပေးရမလဲ..ထယ်စားချင်တာပြောလေ..''

"ရပါတယ်..ဂျွန်တို့စားချင်တာမှာ..ကျွန်တော်ကအဆင်ပြေတယ် ဘာဖြစ်''..''
ဂျွန်...ငါဂျွန်လို့ခေါ်မိလိုက်တာလား...ဒီပါးစပ်ကတော့လေ..ထွက်ဖြစ်အောင်ထွက်တယ်...

"ဂျွန်လို့ခေါ်လိုက်တာပဲ...''

ကျွန်တော်က ထယ့်ကိုစိုက်ကြည့်ကာပြောလိုက်တော့...အရှက်သဲစွာ..ဘာမှ​ပြန်မပြောဘဲ ခေါင်းအားငုံ့ထား၏..
ခဏအကြာမှ...

"ဟို..မကြိုက်ရင်လည်း..''

"ကျွန်တော်ကြိုက်တယ်...ကျွန်တော့်ကို ဘယ်တော့အဲ့လိုခေါ်မှာလဲဆိုပြီး မျှော်နေခဲ့တာ..နောက်လည်းဂျွန်လို့ပဲခေါ်..''

"အင်း...''

အင်းလို့ပြောလိုက်ပြီလေ...ဘာလို့စိုက်ကြည့်နေသေးတယ်လို့ခံစားနေရတာလဲ...ခေါင်းကိုမော့၍
ဂျွန်ကိုကြည့်လိုက်တော့ ခုဏအတိုင်း ကျွန်တော့်ကို ငေးကြည့်နေတုန်း..ကျွန်တော် ဒီတစ်ခေါက်တော့ ခေါင်းထပ်မငုံ့တော့ ဂျွန်ကိုသာ..ပြန်ငေးကြည့်နေမိသည်...ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ထိုင်ကြည့်နေသည်မှာ ဘယ်လောက်တောင်ကြာသွားလဲမသိ ဟိုလေး ကျွန်တော့်ကို
ခေါ်မှသာ အသိဝင်တော့သည်...

"Appaရေ...Appaလို့...''

"ဟမ်း...ဟိုလေး ပြောလေ..''

"ခေါ်နေတာ သုံးခေါက်တောင်ရှိပြီ..အခုမှထူးတော့တယ်...''

ထိုအခါ ရှက်၍ လည်ဂုတ်ကို ပွတ်နေသည့် ကျွန်တော့်ရှေ့ကကောင်လေး..

"ဟိုလေး..ကစားကွင်းသွားချင်တယ်..အဲ့တာAppaနဲ့ဦး​ဦးက လိုက်ပို့ပေးပါလား..''

မျက်လုံးကလယ်ကလယ်နှင့် လက်နှစ်ဖက်ကိုပွတ်ကာ ချစ်စရာကောင်းနေအောင် တောင်းဆိုလာတဲ့ ကလေးလေး..သူ့Appaလိုပဲ အတော်ချစ်ဖို့ကောင်းတာ..

The Only One  [zawgyi+unicode]Where stories live. Discover now