Part 12

4.4K 330 14
                                    

အနောက်ကအိမ်ရောက်တော့ တစ်ထပ်တိုက်လေး...အတော်အသင့်ကျယ်ပြီး...အိမ်အနောက်မှာ ရေပူစမ်းလေးလည်းရှိသည်....အပြင်ကနေမှန်ဘောင်ခေတ်ထားတော့ ရေထဲစိမ်ရင်း
အပြင်ရှုခင်းကို ကြည့်လို့ရသည်....

အဝတ်အစားတွေ အခန်းထဲနေရာချပြီး ညနေစာစားရန်အိမ်ကြီးဆီသွားမို့ကို ဂျွန့်ကိုခေါ်ရမည်ကို မဝံ့မရဲဖြစ်နေလေသည်...

အင်း....ရှက်နေတာဆိုပိုမှန်မယ်...ဘာလို့မှန်းမသိ
ခုအခြေအနေကြီးက ကျွန်တော်တို့နှစ်ယောက်
အသစ်စက်စက်လင်လင်နှစ်ယောက် ဟန်းနီးမွန်းထွက်နေရသလို ခံစားနေရတာ...

အိမ်အပြင်ဘက်မှာ ရပ်စောင့်နေတော့...

"သွားမယ်...''

"အော..အမ်..''

5 mins ago...

ညနေစာကို အိမ်ကြီးမှာ သွားစားရမယ်...
ထယ်သွားပြီလားမသိ...ဘယ်လိုသွားခေါ်ရင်ကောင်းမလဲ...တော်ပြီ..ရှေ့မှာပဲသွားစောင့်တော့မယ်...

အဝတ်အစားလဲပြီး ထွက်လာတော့...အိမ်ရှေ့မှာရပ်စောင့်နေသည့် ထယ်....

ဟူး....Ok...သွားမယ်ပြောပြီး သွားလိုက်ရုံပဲ...

"သွားမယ်...''

"အော...အမ်..''

*****

"ရော့...ဟိုလေး...များများစား...''

"အွမ်...ဖိုးဖိုးကောပဲ...''

"မြေးလေး...Jungkookကို ဟင်းလေးထည့်ပေးလိုက်အုံး...''

"ဟုတ်...''

ထမင်းစားပြီးတော့ ဟိုလေးနဲ့ TVခဏတူတူကြည့်ပေးလိုက်သည်...
ဂျွန်ကတော့ အနောက်အိမ်ကိုအရင်ပြန်သွားသည်

"ဟိုလေး...ဖိုးဖိုးနဲ့အိပ်မယ်မလား...''

"အမ်...''

"ဟုတ်ပြီ...အရမ်းလည်းစကားများမနေနဲ့အုံး...
အိပ်ချိန်တန်ရင်အိပ်နော...''

"ဟုတ်ကဲ့ပါဗျ...''

"အိုက်ဂူး...Appaသားက စကားနားထောင်လိုက်တာ...မွ...''

"ဟီး...
Appa...''

"ဟမ်း...ဘာလဲ..''

"Daddyက နာအောင်လုပ်သေးလား...''

"မလုပ်ပါဘူး...ဟိုလေးကလည်း...
DaddyကAppaကို ချစ်တာကို မလုပ်ပါဘူး...''

The Only One  [zawgyi+unicode]Where stories live. Discover now