Part 16

3.9K 271 4
                                    

"Hello!''

"Kim Song Jiပါလား...''

"ဟုတ်ပါတယ်...ဒါနဲ့ဘယ်သူလဲ...''

"ကျွန်တော် Jeon Jungkookပါ...''

"......''

"Hello...''

"အော...ဟုတ်ကဲ့...ဘာများပြောမလို့လဲ...''

အဟက်...နာမည်​ပြောလိုက်တာနဲ့ လေသံကတန်းပြောင်းသွားတာပဲ...

"ကျွန်တော်တို့ကို ပြသနာလိုက်ရှာနေတာ မရပ်တော့ဘူးလား...''

"ဘာ..ဘာပြောတာလဲ...ဘာကိုပြသနာရှာတာလဲ...''

"​ခင်ဗျားလုပ်တာဆိုတာကို ကျွန်တော်အတိအကျသိပြီးသား...ဘာလဲ...အဆင်မပြေဖြစ်နေတာမလား...တောင်းစားရတဲ့ဘဝရောက်ချင်နေတာလား...''

"ဘာ...!! မိုက်ရိုင်းလိုက်ချည်လား...မထင်ထားဘူး...CEO Jeonကဒီလိုမှန်း...''

"ကျွန်တော့်ယကျားကို လာထိတာကော...အခုဟာကစကားလေးနဲ့ ပါးပါးလေးပဲပြောလိုက်တာ...ဘယ်လိုလဲ...ဝန်ခံပြီလား...''

"အေ...ငါလုပ်တာ...ထယ်ယောင်းကို ကြည့်လို့မရလို့...''

"ဟက်...တသက်လုံးကြည့်လို့မရအောင် အဲ့ မျက်လုံး​တွေ ဖောက်ထုတ်ပေးရမလား...
ဒီမှာ...တစ်ခါတည်းအပြတ်ပြောလိုက်မယ်...
နောက်တစ်ခါ တစ်ခုခုထပ်လုပ်ကြည့်...
ခင်ဗျား မရှိမဲ့ရှိမဲ့ဟာတွေ အကုန်ဖျက်ဆီးပစ်မယ်...ခုတော့ ထယ့်ကိုဝမ်းနည်းအောင်လုပ်တဲ့အတွက် အပြစ်နည်းနည်းပဲပေးလိုက်မယ်...''

"ဘာ...ဘာလဲ...''

ဖုန်းထဲ messageတစ်စောင်ရောက်လာတာ ကြည့်လိုက်တော့...

*ကျွန်တော်တို့ ရှယ်ယာထည့်မဲ့ကိစ္စ ဖျက်လိုက်ပါပြီ...ထပ်ပြီး မဆက်သွယ်လာပါနဲ့...*

ဘာ....!! ငါတစ်လလုံး ရှယ်ယာထည့်လာအောင် မနည်းသိမ်းသွင်းရတာကို အောင်မြင်ခါနီးနေပြီလေ....တောက်စ်...

"ဒါသတိပေးတာပဲ ရှိသေးတယ်...ကျွန်တော်ပြောသလို ခွက်မဆွဲချင်ရင် နောက်သတိထားနေ''

"Ok...ကျွန်မရှင်တို့နဲ့ ထပ်မပတ်သတ်တော့ဘူး
ကျွန်မတို့ကိုလည်း ဘာမှထပ်မလုပ်နဲ့...''

"ပြောတဲ့အတိုင်းလုပ်တာ ဖြစ်ပါစေ...
Mrs.Kim...မဟုတ်ရင်တော့ သက်မဲ့ပစ္စည်းတွေတင်မဟုတ်ပဲ ခင်ဗျားတို့အသက်ကိုပါ ပေးရလိမ့်မယ်...''

The Only One  [zawgyi+unicode]Where stories live. Discover now