Part 9

4.2K 318 2
                                    

မနက်ဖြန်ဆို အလုပ်ကိစ္စ​အပြီးသတ်ပြီ...
ပြီးရင် အားလပ်ရက်မယူစဖူး ကျွန်တော်က ပထမဆုံး ကျွန်တော့်မိသားစုနဲ့ အပျော်ခရီးသွားဖို့ အားလပ်ရက်ငါးရက်ယူထားသည်...
ဟူး...အချိန်တွေ အမြန်ကျော်ပစ်ချင်ပြီ...

"Daddy..!!''

"အော...ဟိုလေး..လာ...အိမ်ပြန်ရအောင်...''

"အမ်...Daddy...Appaရော...''

"Appaကလည်း ပြန်လာတော့မှာပါ...
ဒီရက် ညစာကို Appaအတွက် ဟိုလေးနဲ့Daddyကတူတူ ချက်ပေးကြမလား...ဟမ်း...''

"အမ်...ကောင်းတယ်...အဲ့ဆိုမြန်''ပြန်မယ်..
မမီဘဲနေမယ်...''

"ဟ..ဟ..ဟုတ်ပါပြီ...''

အိမ်ပြန်အရောက် သားနဲ့နှစ်ယောက်သား ညစာကို မချက်တတ်ချက်တတ်နှင့် စုံနေအောင်ချက်ထားအပြီး ထယ့်ပြန်အလာကို ဟိုလေးနဲ့အတူ ကာတွန်းကားလိုက်ကြည့်ပေးရင်း စောင့်နေကြသည်...

နည်း''​နောက်ကျနေသည်မို့ ထယ့်ကိုဖုန်းဆက်မယ်လုပ်တော့ အမည်မသိPh.noဆီကနေ messageတစ်ခုရောက်လာသည်...

messageကိုဝင်ကြည့်လိုက်တော့....videoတစ်ခု..

"ဘယ်သူက ဘာတွေလာပို့နေတာလဲ...''

"ဟမ်း...Daddy...''

"ဘာမဟုတ်ပါဘူး...ဟိုလေးဆက်ကြည့်နေနော
Daddy Appaဆီဖုန်းဆက်လိုက်အုံးမယ်...''

"ဟုတ်...Appaကိုမြန်''ပြန်လာလို့ပြောလိုက်နော...''

"အမ်..အမ်...''

သားလေးရဲ့ပါးကို တစ်ချက်နမ်းလိုက်ကာ အိမ်ပြင်အထွက် ထယ့်ph.noကိုနိတ်မယ်အလုပ်...
နောက်ထပ်ခုဏno.ဆီက messageတစ်စောင်..

*လိင်တူဆက်ဆံနေသည့် ကင်ထယ်ယောင်း
(CEO Jeonအိမ်ထောင်ဖက်)၏
video ထွက်ပေါ်လာ...*

"ဘာ....!!''

လက်တို့က ထိုno.ဆီကို ပြန်ပို့ရန်...

*ဒီမှာ ဘာတွေလာပို့နေတာ...*

*ရေးထားတာ မရှင်းလို့လား...
Videoကို ကြည့်လိုက်ပါ...
အခုလိုင်းပေါ်မှာ ပွက်လောရိုက်နေတာ ခင်ဗျားမသိဘူးထင်တယ်...ခင်ဗျားယကျားက မထင်ရဘူးပဲ...*

ဟင့်...ငါ့ကိုလာရန်စနေတာလား...
စိတ်ကအလိုလိုဒေါသထွက်လာပြီး...လက်တို့ကတုန်ရီစွာ...ထယ့်နာမည်ကို အလွဲသုံးစားလုပ်နေတာ...တစ်ခါတည်းအပြတ်ပြောမယ်ဆိုပြီး စာပို့မယ်အလုပ် လက်ကမတော်တဆ ထိုvideoကို နိပ်မိသွားလျက်....

The Only One  [zawgyi+unicode]Where stories live. Discover now