Part 7🔞

5.8K 412 11
                                    

မနက်စာစားအပြီး...ဂျွန့်ကို အဝတ်ကူလဲပေးတော့..

"ထယ်...ကော်ဖီဆိုင်မသွားတော့နဲ့...အိမ်မှာဘဲအေးဆေးနေလည်းရတာကို...''

"ဂျွန်ကလည်း...ထယ်သဘောကျတဲ့အလုပ်လေ
ထယ်ဆက်လုပ်ချင်တယ်...ပြီးတော့အိမ်မှာပျင်းစရာကောင်းနေမှာ..ဂျွန်ကလည်းCompanyသွား..ဟိုလေးကလည်းမူကြိုသွားရမှာကို...''

"ကိုယ်နဲ့ Companyလိုက် အဲ့ဆို...''

"ဟင့်..မလိုက်ချင်ဘူး...ထယ်ရှိနေရင် ထယ့်ကိုပဲကြည့်နေပြီး အလုပ်မလုပ်ရင် ဘယ့်နှယ့်လုပ်မှာ..ဟီး...''

အတတ်လေး...နှုတ်ခမ်းထော်ထော်လေးနဲ့ ချစ်စရာကောင်းအောင်ပြောနေတာ...ဆွဲသာနမ်းပစ်လိုက်ချင်၏..

"လုပ်ပါ...ဂျွန်ကလည်း...ထယ်သဘောကျတဲ့အလုပ်မို့..ထယ့်ကိုသွားခွင့်ပြုလေ...နော...''

အနားကိုကပ်ကာ ချွဲနွှဲ့ပြလိုက်တော့...
ဒီကကောင်ကြီး ​ခွင့်မပြုချင်လည်း ခွင့်ပြုပေး
လိုက်ရသည်...

"ဟုတ်ပါပြီ.. သွားပါ...''

"ဟီး...အဲ့တာကြောင့်မို့ချစ်တာ...မွ...''

လိုချင်တာရတော့ ကျွန်တော်နှုတ်ခမ်းကို ဇွတ်ခနဲနမ်းလိုက်ပြီး ချက်ချင်းပြေးထွက်သွားရင်း...

"ဟိုလေးကိုလည်း ပြင်ပေးရအူံးမှာမို့...''တဲ့လေ

*****

"ယူရီ...နင်ဘယ်လိုဖြစ်နေတာ...အရက်ချည်းသောက်နေတာ ဘယ်တော့ရပ်မှာလဲ...ဟမ်း..''

"အမေ..အမေပြောတော့ Jung Kookနဲ့လက်ထပ်လို့ရအောင် လုပ်ပေးမယ်ဆို..အခုတော့ကြည့်
သမီးမရတဲ့အပြင်...သမီးအမုန်းဆုံးလူက Jung Kookနဲ့ ပျော်''ကြီး နေနေရတယ်...''

"သူတို့တသက်လုံး ပျော်နေရမယ်ထင်လို့လား...
အဲ့ကင်ထယ်ယောင်း သူ့ကိုရသွားတာနဲ့ နင်ကအရှုံးသမားလို လုပ်နေတာ...ဦးနှောက်ကိုမရှိဘူး
သူတို့ကွဲသွားအောင် လုပ်ဖို့ အစီအစဥ် နင့်ခေါင်းထဲမှာ မရှိဘူးလား...ယူရီ..လိုချင်တာရအောင်ယူဖို့ အမေမပြောဘူးလား...ခေါင်းနည်း''ပါး''သုံးအုံး
သမီး..သူတို့အကြာကြီး အတူမနေရတော့ပါဘူး
သမီးဘာမှမလုပ်ချင်နေ...ဒီလိုစိတ်ပျက်လက်ပျက်ပုံတော့ မလုပ်စမ်းနဲ့...''

The Only One  [zawgyi+unicode]Tempat cerita menjadi hidup. Temukan sekarang