ရင်ဘတ်နားကို ဖွဖွလေးထိကိုင်နေတဲ့ထယ့်ကြောင့် နိုးလာပြီး...
လက်လေးကိုအသာကိုင်တော့..."ဂျွန်...နာနေတုန်းလား..."
စိတ်မကောင်းစွာမော့ကြည့်လာသည်...
"အင်း...နည်းနည်း...ဒါပေမဲ့ နာတာကိုသက်သာအောင် ထယ်ကလုပ်ပေးနိုင်တယ်...''
ခေါင်းထောင်လာပြီး လူကိုငုံ့ကြည့်ကာ...
"ဟမ်း...''
မျက်လုံးပြူးပြူးလေးနဲ့ကြည့်နေတာ ဘယ်လိုလေးပ့...
"ထယ်က အနမ်းလေးပေးလိုက်လေ...အဲ့တာက ကိုယ့်အတွက် နာကျင်တာသက်သာစေတယ်...''
"ဟွန့်...လူနာမို့လို့...လုပ်ပေးလိုက်မယ်...''
ရင်ဘတ်ပေါ်အနမ်းလေးပေးတော့...တစ်ချက်သဲ့သဲ့ရီလိုက်ပြီး...
"ကိုယ်တကယ် ကောင်းနေပါပြီ...ဘာမှမဖြစ်တော့ဘူး...အခုနေ အားထုတ်ရတဲ့ ဟာ..လုပ်ရင်တောင်ရတယ်...''
ပြောရင်း မပြုံးမိအောင်ပါးစပ်ကိုဖိထားတော့...
အပေါ်က နီတာရဲပါးပိုင်ရှင်လေးက..."အရူး...တအားဖြစ်နေတာ...သတိရလာတာလည်း မကြာသေးပဲနဲ့...ပြီးတော့ ထယ်က ကိုယ်ဝန်ကြီးနဲ့နော...''
နှုတ်ခမ်းကို တစ်တောင်လောက် စူထားသည့် ထယ့်ကို စချင်လာပြန်ပြီ...
"ဟား...အတွေးတွေကနော...ကိုယ်က ပင်ပန်းတဲ့ အလုပ်တွေတောင် ပြန်လုပ်လို့ရပြီလို့ ပြောချင်တာပါ...အဲ့တာကိုပြောတာမဟုတ်ပါဘူး...''
ပြောလိုက်တော့ အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်ကာ...မျက်စောင်းနဲ့ကြည့်လာပြီး...
"ဂျွန်နော...ထယ့်ကိုစရတာ အဲ့လောက်ပျော်လား...ထင်လည်းထင်စရာပဲကို အရင်တုန်းကဆို အဲ့ဟာပဲ ခဏခဏပြောနေတာလေ...မဟုတ်လို့လား...''
"ခဏထပ်စောင့်လိုက်အုံးနော...ဗိုက်ထဲက သေးသေးလေးမွေးပြီးမှ ကိုယ်...တို့...အဲ့..ဟာကို...''
"တော်တော့...ပြောပုံက ထယ်ကပဲ.....''
"ဘာလဲ...ထယ်ကဘာဖြစ်တာလဲ...''
"ဂျွန်ဂျောင်ကု...!''
မရီမိအောင်ထိန်းထားသမျှ ထယ့်ကိုကြည့်ပြီး မအောင့်ထားနိုင်တော့လို့ ရီချလိုက်မိသည်...
နာမည်ကြီးတပ်အော်ခေါ်နေတာ...ဒီကလေးကြီးတကယ်စိတ်ဆိုးချင်နေပြီ...
![](https://img.wattpad.com/cover/289837493-288-k570139.jpg)
YOU ARE READING
The Only One [zawgyi+unicode]
Fanfiction"တစ်ယောက်တည်းကိုပဲ ရူးရူးမူးမူးချစ်မိတာမို့ နာကျင်မှုဖြစ်စေ...ကြင်နာမှုဖြစ်စေ အကုန်ကျေ''နပ်'' လက်ခံတယ်... ကိုယ့်ရဲ့ တစ်ဦးတည်းသော လူသားဆီကမို့လို့.....'' "ကိုယ့်အနားကို ဆွဲခေါ်ထားမိပြီး အများကြီးနာကျင်စေမိခဲ့လို့ ကိုယ့်ကိုခွင့်မလွှတ်ပါနဲ့... တစ်ဘဝလ...