1

28K 1.2K 43
                                    

လောင်းရိပ်

(1)

Jeon jungkok....
ဟုတ်တယ် ......
ကျုပ်နာမည် Jeon jungkook...
သူဌေးကြီး Jeon ရဲ့ တစ်ဦးတည်းသော သား....
ကျုပ်နာမည် ကြားရင် ဘယ်ကောင်မှ ခေါင်းထောင်မကြည့်ရဲကြဘူး...အကုန်ပြားပြားဝပ်ပဲ..

ကျုပ်အဖေ Jeon သူဌေးကြီးက လောကကြီးထဲမှာ နှစ်ယောက်မရှိတဲ့.. စီးပွားရေးလောက..တစ်နည်းပြောရရင် လူမိုက်လောက ရဲ့ အရှင်သခင်..

အဖေက အရှင်သခင်ဆိုရင် သားဖြစ်တဲ့ ကျုပ်ကတော့ အရှင်သခင်လေးပေါ့....
ကျေနပ်ရင် ချီးမွမ်းမယ်...
မကျေနပ်ရင်တော့ သတ်ပစ်မယ်..
ကျုပ်အပေါ်မှာ အမှားမလုပ်မိစေနဲ့..

လိုချင်ရင် ရအောင်ယူမယ်..
မရဘူး..မဖြစ်နိုင်ဘူးဆိုတာ ရာဇဝင်မှာ မရှိစေရဘူး...ရာဇဝင် အရိုင်းမခံဘူး..

အနုနည်းနဲ့ မရရင် လုယူမယ်..လုယူလို့မှ မရရင် သတ်ပစ်ပီး ရအောင်ယူမယ်..ဒီလောက်ပဲ ...

....................................................................

Seoulမြို့ရဲ့
ညလယ် အလှကအင်မတန်မှ လှပလွန်းသည်.....

ညလယ်အချိန်ရောက်သော်လည်း....
လူခြေတိတ်မသွား....မီးရောင်စုံတွေ ကြားမှာ
လှပစွာ ပျော်မြူးနေသော လိပ်ပြာမလေးတွေ..

မီးရောင်စုံတွေကြားထဲက လိပ်ပြာမလေးတွေရဲ့
အလှကို ယစ်မူးနေကြသော ကောင်လေးတွေ..
စသည်ဖြင့် Seoul ရဲ့ ညအချိန်က ပို၍တောင်
အသက်ဝင်နေသယောင်.....

လူချမ်းသာ အသိုင်းအဝိုင်းတွေရဲ့
သားသမီးတွေက နေ့လယ်ခေါင် အချိန်ထပ် Seoul ရဲ့ ညလယ်ခေါင် အချိန်ကို ပိုပီးနှစ်သက်ကြသည်ဖြစ်သောကြောင့်...နေ့ခင်းအချိန်ထက်
ညအချိန်ကပို၍ အရောင်စုံလှပလှသည်.....။

"Jeon.....''

Jeon ဆိုသည်မှာ တခြားသူမဟုတ် ဒိတ်ဒိတ်ကြဲ
နာမည်ကြီးသူဌေးတစ်ယောက်ဖြစ်သူ JEON JUNG HYUN ရဲ့ တစ်ဦးတည်းသော သား
Jeon jungkook ဖြစ်သည်..။

ညင်သာစွာခေါ်လိုက်သူ အသံပိုင်ရှင်ကတော့..
Jungkook ရဲ့ ပိုင်ဆိုင်မူတွေ ကို မျက်စိကျနေသူတွေ ထဲက မိန်းကလေးတစ်ဦး...

သိပ်မထူးဆန်းလှ...
ဥစ္စာပေါ ရုပ်ချောမို့ လိပ်ပြာမလေးတွေ အမြဲ ယစ်ဝဲနေတတ်သည်မှာ ထုံးစံပင်....

လောင်းရိပ် Where stories live. Discover now