35

7.5K 567 56
                                    

လောင်းရိပ်

(35)

Jin:"မင်းအရမ်းမှားတယ် Jeon...ငါဆို မင်းကို
သတ်ပစ်ချင်တာ....''

အဖြစ်အပျက်တွေကို သူငယ်ချင်းတွေဆီ
ရင်ဖွင့်မိတော့...ပြန်ကြားရတဲ့
စကားတွေဟာလည်း သိပ်တော့ နားဝင်မချိုလှ..

အခုအချိန်မှာ တစ်လောကလုံးနှင့်
တစ်ယောက် ဖြစ်နေကာ...ဘယ်သူ့ကိုပဲ
ရင်ဖွင့်မိပါစေ အကုန်လုံးရဲ့ စကားတွေက
တစ်လေသံထဲ.....ဖြစ်နေခဲ့သည်....

Jeon:"ငါမှားမှန်းသိလို့ အခုတောင်းပန်နေတာပေါ့ကွ...စိတ်ညစ်လို့ပါဆိုကွာ...မင်းတို့ကလဲ..''

Namjoon:"ငါတို့က မင်းရဲ့ သူငယ်ချင်းတွေ
Jeon....ဆိုးတူကောင်းဖက်တွေ....
မင်းမှားလဲ မင်းဘက်မှာ
ရပ်တည်ပေးဖို့ အဆင်သင့်ပဲ..ဒါပေမယ့်...
အခုဟာကတော့ မင်းအရမ်းလွန်သွားတယ် Jeon...''

Jeon:"ငါ..သူ့ကို ဆုံးရူံးရတော့မှာလား....
ငါ..ငါ သူ့ကို မေ့လို့ မရဘူးကွာ...
ဝေးရင်သေသွားလိမ့်မယ် ငါ...''

"ဟင်း.......''

Hoseok:"မင်းဘာလို့ ငါတို့တားကတည်းက
နားမဝင်ရတာလဲ...မင်းကို Jimine မုန်းနေလောက်ပီ...မုန်းတယ်ဆိုတာထက်...
အယုံအကြည်မရှိတော့တာဆိုရင်...
ပိုမှန်မယ် ထင်တယ်....''

Jeon:"ငါ သူ့ကို အရမ်းချစ်တာ...
ငါ့အသက်နဲ့ လဲရဲတယ်..ငါမလိမ်ဘူးကွာ...
တကယ်ပါ.... သူ့ကို ငါပြန်လိုချင်တယ်..
ငါ့ဘဝအတွက် ...သူ့ကို လိုအပ်တယ်...''

Jin:"မင်းအခုမှ လိုအပ်နေတော့ရော....
ဘာထူးမှာလဲ...hyg..အချစ်ဆိုတာ ချစ်နေယုံနဲ့
မပြီးဘူးကွ...နွေးထွေးမူ ...ချစ်ခြင်းတရား..
ကိုယ်ချင်းစာစိတ်...အကုန်လိုအပ်တယ်...
မင်းချစ်တာကို သူသိဖို့လဲ လိုအပ်တယ်...
မင်းလိုချင်တာပဲ မင်းယူပီး...သူလိုချင်တာကျတော့ ​ပြန်ပေးခဲ့လို့လား.....''

အားလုံးရဲ့ စကားတွေကြောင့်....
ငြိမ်ကျသွားခဲ့သော Jeon...

မှန်သည်....ကိုယ်လိုချင်တာပဲ...ရယူခဲ့ပီး
ရက်စက်ခဲ့တာ....
အမြဲ သံသယဝင်ပီး...ချိုးနှိမ်ခဲ့တာ...
မယုံကြည်ခဲ့တာ....
ဒါတွေ အကုန်လုံးကို Jimine
ခွင့်လွှတ်ပေးနိုင်မယ် မထင်.....

လောင်းရိပ် Where stories live. Discover now