လောင်းရိပ်
(38)
တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ညအချိန်....
ချစ်သူနှစ်ဦးရဲ့ အချစ်ခရီးလေးမှာ
သာယာငြိမ့်ညောင်းလျက်
အနှောင့်အယှက်ရယ်လို့ မရှိ.....မောင့်ရဲ့ ကျောပြင်ပေါ်က Jimine ရဲ့
လက်ဖြူဖြူသွယ်သွယ်လေးနဲ့....Jimine ရဲ့ ခါးကို တင်းကြပ်နေအောင်
ပြန်လည်ဖက်တွယ်ထားတဲ့ မောင့်ရဲ့
သန်မာလှတဲ့ လက်အစုံ....တကယ်ကို လိုက်ဖက်လှတဲ့ စုံတွဲ....
ကြားလေပင် မတိုးနိုင်အောင်
ခန္တကိုယ်ချင်းထိကပ်ထားပေမယ့်
ဆုံးရူံးရမှာ ကြောက်နေသည့်အလား...
လွတ်ထွက်သွားမှာပဲ စိုးရိမ်နေသလို....တစ်ယောက်နဲ့ တစ်ယောက် တင်းကြပ်စွာ
ဖက်ထားခဲ့သည်မှာ ....ဘာကြောင့်ပါလဲ....အဖြေက တစ်ခုတည်း.....
မပိုင်ဆိုင်ရသေးခင် ဆုံးရူံးရမှာထက်
ပိုင်ဆိုင်ပီးရင် ဆုံးရူံးရမှာကို ပိုကြောက်သတဲ့....အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ဦးရဲ့
အကဲပိုတဲ့ သည်းမူလေးပေါ့......Jeon:"မောင်...Jimine ကို အရမ်းချစ်တယ်...''
လူပ်ရှားမူတွေ ရပ်တန့်သွားတဲ့ အခါ...
မောင်က မောဟိုက်နေသည့် အသံနှင့်
နှာခေါင်းချင်း ထိကပ်ကာ ပြော၍လာသည်....Jeon:"မောင့် အသက်ထက်ပိုပီး ချစ်တယ်...''
မျက်နှာချင်းကို နီးသထက်နီးအောင်
ထိကပ်ပီး....
နူတ်ခမ်းလေးတွေကို
နမ်းရိူက်ရင်းပြောနေတဲ့ မောင်......................
Jeon:"မောင် ပြောတာကြားရဲ့ လား...
မောင့်ကို ရော ချစ်လားဟင်...''ခါးပေါ်မှ လက်ကလေးတွေကို
ဖယ်ခွာပီး...ပါးနုနုလေးကို ကိုင်လိုက်ချိန်...
စိုစွတ်နေသော ထိတွေ့မူကြောင့်
မောင့် ရင်ထဲမှာ ဒိန်းခနဲ....Jeon:"ငို...ငိုနေတာလား Jimine...
မောင့်ကို စိတ်ဆိုးသွားတာလား.....''ပါးနုနုပေါ်က မျက်ရည်တွေကို
ထိတွေ့လိုက်ရချိန်မှာ...ချစ်တတ်သူကြီး
မောင်...လန့်သွားခဲ့တာများလေ...
ချစ်ရသူလေးကို မြင်စေချင်လိုက်တာ...