31

7.5K 561 22
                                    

လောင်းရိပ်

(31)

ညနေ 5:00 ကျော်လို့ ရုံးဆင်းချိန်
ကျော်လွန်နေပီ ဖြစ်သော်လည်း...
လုပ်လက်စ အလုပ်တွေက မပီးသေး....

စရင်းတွေ အကုန်လုံးက လွဲနေတဲ့ အပြင်
အောက်ပိုင်းတွေမှာ ကွာဟမူငွေ Amount က
သိန်းထောင်ချီ ရှိနေ၍ Laptop တစ်လုံးနှင့်
အလုပ်ရူပ်ကာ....ထမင်းစားဖို့ကိုပင်
သတိမရတော့....

မနက်စာရော..နေ့လယ်စာပါ....
မစားထားသော ဗိုက်ထဲမှ
အသံပေါင်းစုံက ထွက်လာတာကြောင့်....

"ငါဘာမှ... မစားရသေးဘူးပဲ...
ဘာစားရင် ကောင်းမလဲ...''

လုပ်လက်စ စရင်းဇယားတွေကို
File ထဲသို့ ကူးယူပီး...ဒီအတိုင်းဆက်နေရင်
အဆင်မပြေမနိုင်တာကြောင့်
တစ်ခုခုစားရန် အောက်သို့ ဆင်းလာခဲ့ချိန်တွင်

"Jimine...ရုံးဆင်းတော့ မလို့လား...''

Jimine:"အော်...Chan...ကျနော်
ရုံးမဆင်းသေးဘူးဗျ....
အလုပ်လေးတွေ မပီးသေးတာမို့.....
အခုက ဗိုက်ဆာလို့ ခနဆင်းလာတာ...''

Chan:"ဟို.. အဆင်ပြေရဲ့လား...
ကျနော် ကူပေးရမလား...''

Jimine:"မဟုတ်တာ..ရပါတယ်....
နောက်နှစ်နာရီလောက် အထိ နေပီးရင်တော့
ရပါပီ...''

စကားပြောနူးညံ့ပီး ချိုသာလွန်းသော
ကောင်လေးအား Chan တစ်ယောက်
တချက်တချက်
စိတ်လွတ်ကိုယ်လွတ်ငေးမောနေမိသည်....

ရံဖန်ရံခါ ပေါ်လာတတ်သော.....
အပြုံးနုနုလေး.....
စကားပြောရင် ဆံပင်လေးတွေကို သပ်တင်ပီး
ပြောတတ်တဲ့ အကျင့်ကလေးတွေ.....
ဘာမဟုတ်တဲ့ အပြုအမူလေးကအစ
လှပလွန်းသည်.....

လှလွန်းတဲ့ ယောကျ်ားလေးတစ်ယောက်ရဲ့
ပုံစံလေးကို ရင်ခုန်တွယ်ငြိမိသည်မှာ
ဒါပထမဆုံး အကြိမ်ပင် ဖြစ်သည်....

ဒါပေမယ့် ကံမကောင်းတဲ့ အချက်ကတော့
သူဌေး၏ ကောင်လေးဆိုသော အချက်ပင်.....

အခန့်မသင့်ပါ အသက်ပါ ပါသွားနိုင်၍
ကိုယ့်စိတ်ကိုပဲ... ဆုံးမကာ
အဝေးကနေပဲ ရင်ခုန်နေမိသည်....

Jimine:"အလုပ်ဆင်းတော့မလို့ လား
Chan ကရော....''

Chan:"ကျနော် မဆင်းသေးပါဘူး....
ကျနော်လဲ နောက်ထပ် နှစ်နာရီလောက်
ဆက်နေရဦးမှာ....Jimine ကိုစောင့်ပေးမယ်
အတူတူထွက်ကြတာပေါ့....''

လောင်းရိပ် Where stories live. Discover now