လောင်းရိပ်
(37)
ချစ်ခြင်းရဲ့ အစ မုန်းခြင်းကတဲ့.....
ဟင့်အင်း....မောင်ကတော့....
ရူးမတပ် မြတ်နိုးခြင်းတွေ နဲ့ စခဲ့ရတာ...ဘယ်လောက်ထိ ရူးသွပ်လဲဆိုရင်
အားလုံးရဲ့ အမြင်မှာ...အသည်းနှလုံးမရှိသူ
တစ်ယောက်အဖြစ် တင်စားခံရတဲ့ မောင်က
မင်းလေး နဲ့ မှ အရာရာကို အရူံးပေးရသတဲ့....မောင့်ကို ရက်စက်တတ်တဲ့သူ
တစ်ယောက်အနေနဲ့ပဲ မင်းမြင်လေသလား.....မောင်ချစ်ခဲ့တဲ့ အချစ်တွေကိုရော....
မြင်နိုင်မလား....ရူးမတပ်ချစ်ခဲ့တဲ့ မောင့်အချစ်တွေကိုရော.....
မြင်ရဲ့လား....အားလုံးရဲ့ ကွယ်ရာရောက်မှ....
အားနည်းချက်ကို ထုတ်ပြတတ်တဲ့
မောင့်ရဲ့အကျင့် ကြောင့်...တကယ်ပဲ
မောင့်ကို လူကြမ်းကြီး တစ်ယောက်လိုပဲ
မြင်လေ သလားအချစ်ရယ်.....အရာအားလုံးနဲ့ လဲပီး ရူးသွပ်ခဲ့မိပါတယ်....
မြတ်နိုးခဲ့ရပါတယ်....မောင်တန်ဖိုးထားခဲ့ပါတယ်
မင်းမသိပေမယ့်....မင်းမမြင်နိုင်ခဲ့ပေမယ့်....
မောင် ထုတ်မပြခဲ့ပေမယ့်လည်းပေါ့...အသက်နဲ့လဲပီး ကျိန်ဆိုရဲတယ်.....
မင်းကို.....မောင် ဘယ်လောက်
ရူးခဲ့လဲဆိုတဲ့ အကြောင်းတွေကိုလေ....မယုံဘူးလား.....
လာ....မောင့် ရင်ကိုခွဲ.....
အသည်းနှလုံးကို ညှာတာမူကင်းမဲ့စွာ
အစိမ်းလိုက် ထုတ်ယူ.....ပီးရင်..မောင်ကိုယ်တိုင် နှလုံးသားပေါ်မှာ
ရေးထိုးထားတဲ့
မင်းနာမည်လေးကို
အတည်ပြုကြည့်.....ဒီလောက်ဆိုရင် မောင့်အချစ်တွေကို
မြင်ပီထင်ပါရဲ့.....................................................................
မနက်ထဲက Jimine တစ်ယောက်
ထွက်သွားခဲ့တာ ညနေစောင်းတဲ့ အထိ
ပြန်ရောက်မလာသေး......မောင့်ရင် တွေ ပူနေတာ အသိရော့လေသလား....
ဒါမှ မဟုတ် ထမင်းတောင်မစားနိုင်ပဲ....
မောင်စောင့်နေတာကို
မသိကျိုးကျွန်ပြုလေပီလား.....