လောင်းရိပ်
(24)
အမှောင်ထုကြီးစိုးလွန်းတဲ့ ညမိုက်ည....
အမှောင်လောက သားတွေ ကြီးစိုးနေတဲ့
ညအချိန်....အဝေးပြေးလမ်းမကြီးပေါ်မှာ...
ချွေးသံ တရွဲရွဲနဲ့ ပြေးနေခဲ့တဲ့ မင်နီးလေးဖိနပ်ပင်မပါပဲ...ကြောက်လန့်တကြား
ပြေးလွှားနေခဲ့သည်....."Hyg တွေ အဲ့ကောင်ကို မိရင် မသေယုံတမယ်
ရိုက်ပီး ငါ့ဆီခေါ်ခဲ့... !!''"ဟုတ်ကဲ့ ဆရာကြီး!!''
အနောက်မှ လူတစ်စုမှ ခေါင်းဆောင်ဟု
ထင်ရလောက်သည့် လူက...
သူ၏ နောက်လိုက်များကို ပေးလိုက်သည့်
အမိန့်သံခပ်ပြတ်ပြတ်က နားထဲတွင်
အထင်းသား စွဲထင်နေတာကြောင့်....ခြေဖဝါးနုနုလေးမှ သွေးတွေ
မြင်မကောင်းအောင် ထွက်နေသည်ကိုပင်
ဂရုမစိုက်နိုင်ပဲ အားကုန်သုံးပြေးကာ....
မောဟိုက်လွန်း၍
ရင်တွေပေါက်ကွဲထွက်တော့မည်ထင်သည်..."မောင်..မောင်...ဘယ်မှာလဲ....
ကိုယ့်ကို လာကယ်ပါဦး...ဒီလူတွေလက်ထဲမှာ
ကိုယ်သေတော့မယ်...ထင်....တယ်...''မှောင်မိုက်လွနိး၍ အရှေ့ကိုလဲမမြင်ရ
အနောက်မှ အော်ဟစ်သံတွေကလဲ....
တဖြည်းဖြည်းနီးကပ်သောကြောင့်
ကြောက်စိတ်တွေနဲ့ အတူ
မောင့်ကို တမ်းတမိသည်....."အားးး......''
ပင်ပန်းလွန်းလာတော့..
ခြေထောက်တွေ က အားမရှိတော့....
ယိုင်နဲ့ ကာ....ခလုတ်တိုက်လဲ၍...
ပြိုလဲကျသွားစဥ်......ထမရတော့သည့် မင်နီးလေး အနားသို့
အနောက်မှ လိုက်လာသော လူတစ်စုက
ရုတ်ချည်းဆိုသလို ရောက်လာခဲ့သည်....Jimine:"မင်း..မင်း..တို့ ဘာလုပ်ကြမလို့လဲ....''
လူမိုက်ရုပ်တွေနဲ့ ကြမ်းတမ်းလွန်းလှသည်မို့
ကြောက်လန့်တကြား မေးမိသည်..."မင်းကို သတ်ပစ်မလို့...''
သွေးအေးစွာ ခပ်ဆတ်ဆတ်ပြောလာတဲ့
ဒီလူတွေကို မင်နီးလေး မသိပါ....
တစ်ခါမှ မတွေ့ဖူး မမြင်ဖူးပါပဲ...
သတ်ပစ်ဖို့ထိ ခြိမ်းခြောက်လာတာကြောင့်
လန့်သွားကာ...
ဘာပြောရမှန်းမသိ...