လောင်းရိပ်
(44)
The End
"မောင်..... ''
အနောက်မှ တိုးလျလျလေး...
ချစ်ရတဲ့ ချစ်သူရဲ့ နူးညံ့တဲ့
ခေါ်သံလေးကြောင့်
ဝရံတာမှ အဝေးတစ်နေရာသို့
ငေးကာကြည့်နေသော မောင်က
လည်ပြန်လှည့်ကြည့်လာခဲ့သည်.....Jeon:"မောင့် ချစ်သူလေး နိုးလာပီလား....''
ရင်ခွင်ထဲ တိုး၍ ဝင်လာသော ကလေးငယ်
ခန္တကိုယ် လေးအား တင်းကြပ်စွာပြန်၍
ထွေးပွေ့စေပြီး မေးလိုက်တဲ့ အခါ....နူတ်ခမ်းလေးတွေက မောင့်လည်တိုင်အား
နူးညံ့စွာ....နမ်းရိူက်ပြီး
ခေါင်းလေးညိမ့်လာခဲ့သည်....Jeon:"လက်က ဒဏ်ရာရော
သက်သာရဲ့လားဟင်...''ခပ်ဖွဖွလေး လည်တိုင်းအား ဖိကပ်နမ်းပီး
ဆော့နေသော ကလေးငယ်ရဲ့ လက်ကလေးကို
ဆွဲယူကြည့်ပြီး မေးတော့....မောင့်မျက်နှာကို မော့ကြည့်လာပီး
ရေးရေးလေးသာ ပြုံးပြ၍Jimine:"သက်သာပါတယ် မောင်ရယ်...
ကိုယ်ကတော့ ရိုးနေပါပြီ...
ဒီလောက်အနာလေးကို....''ချစ်သူလေးက ဘာရယ်မဟုတ်
ဒီအတိုင်းပြောလိုက်တာဆိုပေမယ့်
မောင့်ရင်ထဲမှာတော့
ဆစ်ခနဲ....မောင့်ကြောင့် ဒဏ်ရာ အမြဲရနေတဲ့
ကလေးငယ်ကို ဘယ်လို
ဖြေသိမ့်ပေးရမလဲမသိတော့....အတ္တကြီးပြီး အချစ်ကြီးလှတဲ့ မောင်ကြောင့်
ပေးမိတဲ့ ဒဏ်ရာတွေ....ကြင်နာမူကို ပေးရင် ပေးမိသလောက်
ဒဏ်ရာတွေ ပေးခဲ့တဲ့ အချိန်ကလဲ မနည်း....မောင်ဘယ်လောက် ဆိုးဆိုး
သည်းခံပြီး နေပေးရှာသော ချစ်ရသူလေး....မောင်လမ်းမှားရောက်နေချိန်
လမ်းမှန်ပြပေးသော တစ်ဦးတည်းသော
သက်ရှိ လမ်းပြကြယ်လေး...ဘေးမှာ ဘယ်သူမှ မရှိပဲ မောင်ပင်ပန်းနေချိန်
ရင်ခွင်သေးသေးလေးကတော့ အမြဲ
မောင့်ဘက်က ရပ်တည်ပေးခဲ့သည်....စိတ်မကောင်းဖြစ်သွားတဲ့ မောင်က
ဒဏ်ရာရထားသော လက်ကလေးကို
ဆွဲယူနမ်းရိူက်ကာ...ပါးမှာထိကပ်ထားလိုက်ပီး
ခါးလေးကို လက်တစ်ဖက်ဖြင့်
ဆွဲယူ သိမ်းဖက်ထားခဲ့သည်....